By Western News/ 2021 May 24
မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ရှောင်စခန်းတွင် မေလ ၂၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်းကြောင့်ဖြစ်ပွားသည့် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့်ယာယီတဲအိမ်အလုံးပေါင်း ၁၃၇ လုံးတွင်အမိုးများ ပျက်စီးသွားကြောင်း စခန်းတာဝန်ခံဖြစ်သည့် ဦးညီဘုမှ ပြောသည်။
“မနေ့က မိုးရွာပြီးလေပြင်းတွေတိုက်တာကြောင့် စခန်းကတဲအိမ်အမိုးတွေပြိုပျက်တာတွေရှိတယ် စုစုပေါင်း ၁၃၇ လုံးလောက် ပြိုသွားတယ်။ ဒီနေ့လည်း မိုးရွာပြီး လေတွေတိုက်နေပါသေးတယ်။”ဟု ဆိုသည်။
အဆိုပါစခန်းတွင် အိမ်ခြေ ၇၇၅ ဆောင်နှင့် လူဦးရေ ၃၉၀၁ ယောက် ရှိပြီး ရိက္ခာထောက်ပံ့ကြေးမှာ လည်းစခန်းရှိ လူဦးရေအားလုံးအတွက်မရရှိကြောင်းသူကဆိုသည်။
https://www.facebook.com/westernnewsagency/posts/297299688743209