မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်း နေအိမ် ၆၂၅အိမ်ဆောက်လုပ်ပြီးစီး၊ ကျန် ၃၈ လုံးကို မနက်ဖြန်စဆောက်မည်

By Western News/ 2021 May 20

ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့က မီးလောင်၍ နေအိမ် ၆၆၃ လုံး ဆုံးရှုံးခဲ့သည့် မြောက်ဦးမြို့နယ်မှ တိမ်ညို စစ်ဘေးရှောင်စခန်းတွင် နေအိမ် ၆၂၅ လုံးမှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး ကျန် ၃၈ အိမ်ကို မနက်ဖန် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှသိရသည်။

လက်ရှိတွင် ယိုယွင်းပျက်စီးနေသည့် နေအိမ်များ ပြုပြင်မှုကို ဦးစားပေးလုပ်ဆောင်နေရပြီး ဆောက်လုပ် ရန် ကျန်ရှိနေသည့် နေအိမ် ၃၈ လုံးကို မနက်ဖြန်ဆောက်လုပ်မည်ဖြစ်ကာ တစ်ပတ်အတွင်း အပြီးအစီးဆောက် လုပ်သွားမည်ဖြစ်ကြောင်း စခန်းတာဝန်ခံကိုစိုးနိုင်ကပြောသည်။

“ကျွန်တော်တို့ နေအိမ် ၆၆၃ လုံးမှာ ၆၂၅လုံးဆောက်ပြီးသွားပါပြီ။ ကျန်နေတဲ့ ၃၈ အိမ်ကို မနက်ဖန်စဆောက်ပြီး တော့ ၁ ပတ်အတွင်း အပြီးအစီးဆောက်မှာပါ။ ကျွန်တော်တို့မှာ လက်ရှိ ယိုယွင်းနေတဲ့ တဲအိမ်တွေကို ဦးစားပေး လုပ်ဆောင်နေတာကြောင့်ပါ။ အိမ်မဆောက်ရသေးတဲ့သူတွေကတော့ အိမ်ဆောက်ပြီးသွားတဲ့ ဆွေမျိုးတွေ အိမ်မှာ နေကြသလို၊ တစ်ချို့ကတော့ ဆေးရုံနားက ကိုဗစ်စစ်ဆေးတဲ့အဆောင်မှာ ခေတ္တနေနေပါတယ်” ဟု ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ မြောက်ဦးမြို့နယ်ရှိ အကြီးဆုံးစစ်ဘေးရှောင်စခန်းတစ်ခုဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ မီးလောင်မှုကြောင့် နေအိမ် ၆၆၃ လုံးမီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းသွားသည့် စစ်ဘေးရှောင် စခန်းကို ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြန်လည်ဆောက်လုပ်ထားသည်။

https://www.facebook.com/westernnewsagency/posts/294195379053640

Leave a Reply

Your email address will not be published.