မာန်အောင်မှာ နေအိမ် ၄ လုံး ဖယ်ရှားပေးဖို့ ဖိအားပေးခံနေရ

By Development Media Group (DMG)/ 2021 May 17

ရခိုင်ပြည် မာန်အောင်မြို့နယ် သိမ္ဘလကျေးရွာအနီးရှိ နေအိမ် ၄ လုံးကို အခု မေလအတွင်း အပြီးသတ် ဖယ်ရှားပေးဖို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားတယ်လို့ သိရပါတယ်။ ဖယ်ရှားပေးရမယ့် နေအိမ်တွေကတော့ ဦးရွှေအိုး၊ ဦးဇင်မင်းအောင်၊ ဦးမောင်ဖြူနဲ့ ဦးမောင်သငယ်တို့ နေအိမ်တွေ ဖြစ်ပါတယ်။

အဲဒီတော့ ဒီမြေနေရာကနေ ဖယ်ပေးရမယ်ဆိုရင် သူတို့ကတော့ မြေနေရာအစားထိုး သို့မဟုတ် နစ်နာကြေးပေးဖို့ လိုအပ်တယ်လို့ လက်ရှိအုပ်ချုပ်သူတွေကို တောင်းဆိုနေကြပါတယ်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကတော့ ၈၇၄ (က)၊ သဝင်ကျွန်းကွင်း စားကျက်မြေဧရိယာအတွင်းမှာ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ လူနေအိမ်တွေ ကျူးကျော်တည်ဆောက်ထားတဲ့အတွက် ဖယ်ရှားပေးဖို့ အကြောင်းကြားတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီမြေနေရာကို ၁၉၈၆ ခုနှစ်က မာန်အောင်မြို့နယ်ကောင်စီဥက္ကဌ ဦးမြတ်သာ လက်ထက်မှာ မြေတစ်ကွက်ကို ၅၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး နေအိမ်ဆောက်လုပ်နေတာဖြစ်တယ်လို့ ဒေါ်အမာရွှေက ဆိုပါတယ်။

https://www.facebook.com/dmgnewsagency/posts/2015566921929042

Leave a Reply

Your email address will not be published.