မင်းပြား၊ စပါးထာရွာမှာ စစ်ကျန်လက်နက် ပေါက်ကွဲလို့ ရွာသားသုံးဦး ဒဏ်ရာရ

By RFA/ 2021 May 8

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာမှာ မနေ့က ည ၈ နာရီကျော်က စစ်ကျန်လက်နက်တစ်ခု ပေါက်ကွဲမှုဖြစ်လို့ အရပ်သား သုံးဦး ဒဏ်ရသွားခဲ့ပါတယ်။

ဦးစိန်လှိုင်ဆိုသူဟာ မနေ့ နေ့လယ်က ရွာအနီး တောင်ပေါ်ကနေ စစ်ကျန်လက်နက်တစ်လုံး ကောက်ရလို့ အိမ်ကိုယူလာရာရင်း ပြုတ်ကျရာကနေ ပေါက်ကွဲခဲ့လို့ ဦးစိန်လှိုင် အပါအဝင် သူ့မိခင် ဒေါ်လှကျော်နု နဲ့ ရွာသား ဦးအောင်ကျော်ညွန့်တို့ ဒဏ်ရာရသွားတာဖြစ်တယ်လို့ သူကဆိုပါတယ်။

ဦးစိန်လှိုင်ဟာ ဝမ်းဗိုက်၊ ခြေထောက်တွေမှာ ဒဏ်ရာပြင်းထန်တာမို့ ဒီနေ့ မနက်က မင်းပြားဆေးရုံ ကနေ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ပြီး စိုးရိမ်ရတယ်လို့ မိသားစုဝင် ဦး ဦးကျော်စိုးက ပြော ပါတယ်။

အဲဒီစစ်ကျန်လက်နက်တစ်လုံး ကောက်ရခဲ့တဲ့ ရွာအနီးကတောင်ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၀ ခုနှစ်မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးသူပေါင်း ၁၃၄ ဦး ရှိခဲ့ပြီး စုစုပေါင်း ထိခိုက်သေဆုံးသူအရေအတွက်ရဲ့ ၅၃ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ပြီးခဲ့တဲ့ဧပြီလ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UN OCHA) က ထုတ်ပြန်ခဲ့ပါတယ်။

https://www.rfa.org/burmese/news/explosion-in-minbya-village-05082021024555.html

Leave a Reply

Your email address will not be published.