ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်း “Yaas”မေလ ၂၇ ရက်တွင် အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းကိုဝင်ရောက်တိုက်ခတ်နိုင်ဟုဆို

By Narinjara/ 2021 May 19

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်သော “Yaas” အမည်ပေးထားသော ဆိုင်ကလုန်း သည်မေလ ၂၇ ရက်တွင် အိန္ဒိယ အရှေ့ဘက်ကမ်းရိုးတန်းကိုတိုက်ခတ်နိုင် The Times of India က သတင်းဖော်ပြသည်။

အစောပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မေ ၂၃ ရက်နေ့တွင်  မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး လက်ရှိတွင် အိန္ဒိယအရှေ့ဘက်ကမ်းခြေ  Odisha နှင့် အနောက်ဘင်္ဂလားပြည်နယ်သို့ ဦးတည်ရွှေ့လျားနေသည်ဟု အိန္ဒိယနိုင်ငံ မြေကမ္ဘာ သိပ္ပံဌာနမှအတွင်းရေးမှူး Madhavan Rajeevan က ပြောကြောင်း  ၎င်းသတင်းဌာနက ဖော်ပြသည်။

“မေလ ၂၇ ရက်မှာ အိန္ဒိယအရှေ့ဘက် ကမ်းခြေကို ဝင်ရောက်တိုက်ခတ်နိုင်တယ်။ မုန်တိုင်းအဖြစ်ရောက်နိင်တယ်။ ဒါပေမယ့် တစ်ရက်နှစ်ရက်လောက်မှာ ပိုပြီးရှင်းရှင်းလင်းလင်းသိရပါလိမ့်မယ်” ၎င်းက ပြောသည်။

၎င်းဆိုင်ကလုန်းကို အလှည့်ကျသော အိုမန်နိုင်ငံက Yass ဟု နာမည်မှည့်ထားပြီး စကားလုံး၏ အဓိပ္ပါယ်မှာ မျှော်လင့်ချက်ကင်းမဲခြင်း၊ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းဟု အဓိပ္ပာယ်ရှိသည်ဟု ဆိုသည်။  

 မေ ၁၈ ရက်နေ့ကလည်း အင်အားပြင်းသည့်  တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယ နိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းခြေကို တစ်နာရီကို ကီလိုမီတာ ၁၆၀ နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ကမ်းရိုးတန်းသွား သင်္ဘောပေါ်က လူ ၉၀ ကျော် ပျောက်ဆုံးနေသည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။၎င်းသင်္ဘောပေါ်ပါလာသူ လူ ၂၇၀ ထဲက ၁၇၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်သူများကို ဆက်လက်ရှာဖွေနေကြောင်း အိန္ဒိယရေတပ်က ပြောသည်။

https://www.facebook.com/narinjara.info/posts/4331786900166687

Leave a Reply

Your email address will not be published.