By Western News/ 2021 May 23

ဘင်္ဂလားပင်လယ် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ နောက် ၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိပြီး မြောက်-အနောက်ဘက်သို့ရွေ့လျားကာ မေလ ၂၄ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
လေဖိအားနည်းရပ်ဝန်း၏ အကျိုးဆက်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ရံဖန်ရံခါ လှိုင်းလေကြီးကာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး မြေပြင်၊ လေပြင် လေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၄၀ အထိတိုက်ခတ် နိုင်ကြောင်းသိရသည်။ ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၏ လှိုင်းအမြင့်မှာလည်း ၉ ပေမှ ၁၃ ပေအထိမြင့်နိုင်ကြောင်းခန့်မှန်းထားသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေခြင်းကို မိုးလေဝသနှင့်ဇလဗေဒမှ မေလ ၂၂ ရက်နေ့ကထုတ် ထုတ်ပြန်ထားပြီး မုန်းတိုင်ဖြစ်နိုင်သည့်အခြေအနေရှိသောကြောင့် ကမ်းနီး၊ ကမ်းဝေးရှိ ငါးဖမ်းလှေများ နှင့် သင်္ဘောများအနေဖြင့် သတိပြုနိုင်ရန်လည်းနှိုးဆော်ထားသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါဖြစ်ကြောင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
https://www.facebook.com/westernnewsagency/posts/296140392192472