ဘင်္ဂလားဒေရှ့်က ပြန်လာသူဘုတ်သမား ၄ဦး၌ ကိုဗစ်ပိုးတွေ့ရှိသော်လည်း မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်မည်မဟုတ်ဟုဆို

By Narinjara/ 2021 May 13

ချစ်အိလှိုင်

ဘင်္ဂလားရှ့်နိုင်ငံမှ ပြန်လာသူ ဘုတ်သမား ၄ ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိသော်လည်း မြန်မာ- ဘင်္ဂလားဒေရှ့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်မည်မဟုတ်ဟု ရခိုင်ပြည်နယ်ပစကကောင်စီ ပြောခွင့်ရသူ ကောင်စီဝင်အဖွဲ့ဝင် ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

မေလ ၁၂ ရက်နေ့တွင် ဘင်္ဂလားဒေရှ့် ပြန်လာသည့် သင်္ဘော ၄ စီးမှ လူ ၄ဝ ဦးကို စစ်ဆေးရာ တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၄ ဦးတွေ့ရှိခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် ကျန်ရှိနေသူများအား ကွာရန်တင်း သဘောမျိုးထားရှိထားကြောင်း၊ သို့ရာတွင် နယ်စပ်ကုန်သွယ်ရေးကိုမူ ပိတ်ရန် အစီစဉ်မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။

“ နယ်စပ်ကုန်သွယ်ရေးကို အခုလတ်တလောကတော့ မရပ်ဘူး။ မရပ်ဘူးဆိုတဲ့ဟာက အခုတွေ့တဲ့ဟာ မနေ့ကမှ စတွေ့တာကို လေးယောက်။ တစ်ဖက်နိုင်ငံကို ထောက်လှမ်းကြည့်လိုက်တော့အခါလည်း သူတို့က စစ်တကောင်း တစ်ဖက် အိန္ဒိယဘက်တွေမှာပဲ ရောဂါအဖြစ်များတယ်လို့သိရတယ်။ ဒီတော့ နယ်စပ်ကုန်သွယ်ရေးကို ချက်ချင်းမရပ်ပဲနဲ့ အခုနောက်ထွက်မယ့် သင်္ဘောတွေနဲ့ သင်္ဘောသားတွေက အကြောင်းပြချက်( Reason) ပေးတာပေါ့” ဟုပြောသည်

၄င်းတို့အနေဖြင့်  သင်္ဘောသားများကိုသာ စည်းကမ်းနှင့်အညီနေထိုင်ရန် ညွှန်ကြားထားကြောင်း၊ ယခုကဲသို့ ကိုဗစ်ပိုး ကူးစက်လာမှုအပေါ် ကာယကံရှင်များကိုသာ မေးမြန်းစုံစမ်းရမည်ဟုသူက ဆက်ပြောသည်။

“ဟိုဖက် တက်ကနက် ဆိပ်ကမ်းရောက်တဲ့အခါမှာ သူတို့က ကုန်တွေဘာတွေ သယ်တဲ့ဟာ မဟုတ်ဘူးလေ။ သင်္ဘောသားတွေဆိုတော့သင်္ဘောမှာနေတယ်။ ချက်ပြုတ်တယ်။ အဲဒီ သင်္ဘောသား တွေကလည်း တက်ကနက်မှာလည်း ကမ်းပေါ်တက်လို့မရဘူး။ မရတော့ ဟိုဘက်က အလုပ်သမားတွေ ဆင်းတယ်။ ပစ္စည်းသယ်တယ်။ ဆင်းတယ်။ သယ်တယ်။ဒီအပိုင်းလေးတွေက ကူးတာဖြစ်နိုင်တယ်လို့ စဉ်းစားတာပေါ့။ ဘယ်လိုကူးတာလဲဆိုတာတော့ သူတို့ကို မေးမြန်းစုံစမ်းမှ သိပါမယ်။” ဟုပြောသည်။

အဆိုပါနယ်စပ်ကုန်သွယ်ရေးအား ကိုဗစ်-၁၉ ကြောင့်၂ဝ၂ဝ ခုနစ် သြဂုတ်လကစတင်ကာပိတ်ထားခဲ့ပြီး ယခုနစ် ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ပြန်ဖွင့်ပေးခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးတစ်ခုဖြစ်ပြီး တစ်လလျှင်အမေရိကန်ဒေါ်လာ သန်းနှင့်ချီပြီး ရှိနေကြောင်းလည်းသိရသည်။

စစ်တွေတွင် ကိုဗစ် -၁၉ ပိုးတွေ့ရှိသူ လေးဦးကိစ္စနှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4311322778879766

Leave a Reply

Your email address will not be published.