ဘင်္ဂလားဒေရှ့်မှပြန်လာသည့် သံသယလူနာတွင် ကိုဗစ်ပိုးမတွေ့ရှိ

By Narinjara/ 2021 May 2

ချစ်အိလှိုင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့ မေလ ၁ ရက်နေ့ ညနေပိုင်းက အသက်ရှုကျပ်၍ စစ်တွေဆေးရုံသို့ တင်ပို့လိုက်ရသည့် လူနာမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း၊ Negative ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ် ဒေါက်တာကြည်လွင်က နိရဉ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။

၄င်းလူနာ၏ ဆေးစစ်ချက်အဖြေကို ယနေ့ မေလ ၂ ရက်နေ့ နေ့လယ် ၁နာရီခန့်က သိရှိရကြောင်း ပြောကြားသည်။

“ ပိုးမတွေ့ပါဘူး။ သံသယလူနာပိုးစစ်ထားခဲ့တာ အခုပဲသိရတယ်။ Negative ပါနော်” ဟုဖြေဆိုပြီး ၄င်းမှာ လမ်းခရီးလမ်းခုလတ်တွင်ရောက်ရှိနေသဖြင့် ဖုန်းဆက်လက်ဖြေဆိုရန်အဆင်မပြေဟုဆိုကာ ဖုန်းချသွားခဲ့သည်။

အဆိုပါ သံသယလူနာမှာ အသက်(ရဝ)ခန့်ရှိသည့် ဗမာအမျိုးသား တစ်ဦးဖြစ်ကာ ဘင်္ဂလားဒေရှ့်ကုန်တင်သင်္ဘောမှ ဧပြီလ ၃ဝ ရက်နေ့ ကရောက်ရှိလာပြီး မတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် အသက်ရှုကျပ်လာ၍ ဆေးရုံအားဆက်သွယ်လာသဖြင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမင်းထိန်သာက“ မနေ့ညနေ ၁ဝ နာရီလောက်က အသက်ရှုကျပ်နေတယ်ဆိုလို့ သွားခေါ်တာပါ။ ဘင်္ဂလားဒေရှ့်က လာတယ်လို့ သိရလို့ PPEဝတ်စုံနဲ့ သွားသယ်ခဲ့ပါတယ်။” ဟုပြောသည်။

အဆိုပါလူနာမှာ လက်ရှိတွင် စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

https://www.facebook.com/narinjara.info/posts/4277572205588157

Leave a Reply

Your email address will not be published.