By Narinjara/ 2021 May 2
စစ်တွေ ကိုးရီးယားဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ဘင်္ဂလာဒေ့ရှ်မှထွက်ခွာလာသော ကုန်တင်သင်္ဘောတစ်စီးပေါ်မှ အသက်ရှုမ၀ဖြစ်နေသည့် လူတစ်ဦးကို ရွှေရောင်မေတ္တာအသင်းမှ ကားဖြင့် စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ရသည်ဟု ၎င်းအသင်း၏ ပို့စ်တွင် ရေးသားဖော်ပြထားသည်။
တာဝန်သိပြည်သူတစ်ဦး မိမိတို့ရွှေရောင်မေတ္တာအသင်းအားဖုန်းဆက်အကူအညီတောင်းခံလာသဖြင့်၎င်းအသင်းမှ ကားအမှတ် (၁)နှင့်(၃) တို့ဖြင့်အချိန်နှင့် တပြေးညီထွက်ခွာ၍ ကိုးရီးယားဆိပ်ကမ်းမှ ၎င်းအသက်ရှုမဝလူနာအား Covid သံသယလူနာအဖြစ်သတ်မှတ်ပြီး စစ်တွေပြည်သူဆေးရုံကြီးသီးသန့်ဆောင်သို့ အရေးပေါ်လိုက်ပါကူညီပို့ဆောင်ပေးခဲ့ဟု ဖော်ပြရေးသားထားသည်။
သို့သော် သံသယရှိ လူနာ၏ ကိုယ်ရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ရေးသားဖော်ပြထားခြင်း မရှိသေးပါ။
https://www.facebook.com/narinjara.info/posts/4277028202309224