By Development Media Group (DMG)/ 2021 May 21
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ အဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ်ပညာရေးဌာနမှ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများတို့သည် ယနေ့ မေလ ၂၁ ရက်နေ့တွင် ပြည်နယ်ပညာရေးမှူးရုံး၌ တွေ့ဆုံခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲတွင် ရခိုင်ပြည်မှာ လာမည့် ဇွန်လ ၁ ရက်နေ့ ကျောင်းများပြန်လည်ဖွင့်လှစ်မည့်အကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များကို ပြည်နယ်ကောင်စီသို့တင်ပြရန် ဆွေးနွေးခဲ့သည်ဟု ရခိုင်ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး စီမံ ဒေါက်တာထွန်းထွန်းသိန်းက ပြောသည်။
ရခိုင်ပြည်တွင် အခြေခံပညာကျောင်းပေါင်း ၃၃၀၉ ကျောင်းရှိသည့်အနက် ကျောင်းပေါင်း ၃၁၉၆ ကျောင်းသာ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2018998781585856