တောင်ကုတ်တက္ကသိုလ်က ဆရာ ဆရာမ ၅၂ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

By Narinjara/ 2021 May 8

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ တောင်ကုတ်တက္ကသိုလ်မှ ဆရာ ဆရာမ ၅၂ ဦးကို ခွင့်စည်းကမ်းနှင့် လုံလောက်သော အကြောင်းပြချက်မရှိဘဲ ပျက်ကွက်နေခြင်းတို့ကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း တောင်ကုတ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (၂) ဒေါက်တာနီလာအောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် စာထဲတွင် အမိန့်စာထဲတွင် ဖော်ပြထားသည်။

ဒေါက်တာနီလာအောင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် စာထဲတွင် ၄င်း ဆရာ ဆရာမ ၅၂ ဦးအား ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြပါရှိသည်။

ထုတ်ပြန်သည့် ရုံးအမိန့်စာထဲတွင် အမှတ် (၁၇၉) အဆင့်မြင့်ပညာဦးစီးဌာန၊ တောင်ကုတ်တက္ကသိုလ်ရှိ အရာထမ်း (၅၂) ဦးသည် ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်နေခြင်းတို့ကြောင့် မေလ ၃ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၅၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (က) နှင့် နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ (ခ) အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြထားသည်။

ယာယီတာဝန်မှ ရပ်ဆိုင်းခံလိုက်ရသူများအထဲတွင် ဒေါက်တာအေးအေးမွန် (ကထိက၊ မြန်မာစာ)၊ ဒေါ်လွင်လွင်လှိုင် (ကထိက၊ မြန်မာစာ)၊ ဒေါ်ခင်အုန်းမြင့် (ကထိက၊ မြန်မာစာ)၊ ဦးအားခွန် (လက်ထောက်ကထိက၊ အင်္ဂလိပ်စာ)၊ ဦးကျော်မြိုင် (ကထိက၊ ဒဿနိကဗေဒ)၊ ဒေါက်တာကြည်ကြည်ဆွေ (ပါမောက္ခ၊ ရုက္ခဗေဒ) စသည့် ဆရာ ဆရာမများ အပါအဝင် ၅၂ ဦးဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4296145390397505

Leave a Reply

Your email address will not be published.