တိုက်ပွဲနှစ်နှစ်တာကာလမှာ ကျောက်တော်မြို့နယ်အတွင်း အရပ်သားသေဆုံးသူ ၅၀ လောက်နဲ့ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ရှိ

By Development Media Group (DMG)/ 2021 May 18

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဟာ နှစ်နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီးတော့ တိုက်ပွဲကာလအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း ကျောက်တော်မြို့နယ် တစ်ခုတည်းမှာ အရပ်သားသေဆုံးသူ ၅၀ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၁၆ ဦးအထိ ရှိခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စာရင်းတွေအရ သိရပါတယ်။သေဆုံးသွားသူတွေဟာ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှု၊ မိုင်းနဲ့ စစ်ကျန်လက်နက်ထိမှန်မှု၊ ပစ်ခတ်ခံရမှုနဲ့ ဖမ်းဆီးခံရစဉ် စစ်ကြောရေးကာလတွေမှာ သေဆုံးသွားသူတွေပါဝင်တယ်လို့ အဲဒီစာရင်းအရ သိရပါတယ်။ ဒါ့အပြင် သံသယနဲ့ဖမ်းဆီးခံရပြီးနောက် ယနေ့အချိန်ထိ တစ်စုံတစ်ရာအဆက်အသွယ်မရရှိသေးတဲ့ ဒေသခံ ၂၀ ကျော်လောက်ရှိနေတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ပြောပါတယ်။ အခုလိုမျိုး လူ့အခွင့်ရေးချိုးဖောက်တွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာတွေကို တိုင်ကြားခဲ့ပေမယ့် အားရကျေနပ်စရာ တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဦးဦးထွန်းဝင်းက ဆိုပါတယ်။

https://www.facebook.com/dmgnewsagency/posts/2016340578518343

Leave a Reply

Your email address will not be published.