By Developement Media Group (DMG)/ 2021 May 2

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ၂ နှစ်တိုင်ရပ်နားထားခဲ့ရသည့် ကျောက်တော်တောင် ဘုရားပွဲကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ပြန်လည်ကျင်းပလျက်ရှိသည်။
ကျောက်တော်တောင်ဘုရားပွဲတွင် ရခိုင်ရိုးရာ ပြိုင်လောင်းပြိုင်ပွဲကို အဓိကထည့်သွင်းကျင်းပလေ့ရှိပြီး ကျောက်တော်မြို့ ကစ္ဆပနဒီမြစ်တစ်လျှောက် လောင်းလှေများဖြင့် ရေပေါ်သင်္ကြန်ကိုဆင်နွဲကြသည်မှာ ထူးခြားချက်တစ်ခု ဖြစ်သည်။
ယခုနှစ် ပြိုင်လောင်းပြိုင်ပွဲတွင် အသင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြို့ပေါ်ရပ်ကွက်မှ (၆ လံ)လှေ အသင်း ၆ သင်းနှင့် စစ်ဘေးရှောင်စခန်းများမှ (၈ လံ)လှေအသင်း ၅ သင်း ပါဝင်ကြောင်းသိရသည်။
https://www.facebook.com/dmgnewsagency/posts/2003938256425242