တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ကျောင်းသား ၃၀၀ခန့် တက်ရောက်သင်ကြားနိုင်မည့် စာသင်ကျောင်းဆောက်လုပ်

By Narinjara/ 2021 May 21

သျှင်မင်းဇံ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်း၌ မူလတန်းအရွယ်စစ်ဘေးရှောင်ကလေး ၃၀၀ ခန့် တက်ရောက်သင်ကြားနိုင်မည့် စာသင်ဆောင်ကျောင်း တစ်ဆောင် ဆောက်လုပ်နေကြောင်း ပရဟိတသမား တစ်ဦးလည်းဖြစ် စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဦးဝေဟင်အောင်က ပြောသည်။

“စစ်ဘေးရှောင်ကလေးတွေဟာ စစ်ဘေးနဲ့ ကိုဗစ်ရောဂါကြောင့် စာနဲ့ ဝေးကွာနေကြတာလည်း တစ်နှစ်နှစ်နှစ်ရှိနေပြီလေ။ အဲဒါကြောင့် ကလေးတွေ ပညာရေးနဲ့ အဆက်မပြတ်လာအောင် မကင်းကွာရအောင် ကူညီဆောင်ရွက်ပေးတာ” ဟု နိရဉ်စရာကိုပွောသညျ။

စာသင်ဆောင်အား မတ်လ ၁၈ ရက်နေ့က စတင်ဆောက်လုပ်နေကာ ရက်ပေါင်း (၂၀) အတွင်း အပြီးဆောက်သွားမှာ ဖြစ်သည်ဟု သိရသည်။

အစိုးရကျောင်းဖွင့်အချိန် စာသင်ကျောင်းကို ဖွင့်လှစ်နိုင်စီစဉ်နေကြောင်း၊ ၎င်းစာသင်ဆောင်၌ ကျောင်းသားဦးရေ (၃၀၀) ခန့် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ အဲစာသင်ဆောင်ဟာ မူလတန်းအရွယ်ကလေးတွေအတွက်ပါ။ ဒီကလေးတွေက သူတို့ ရွာမှာ ကျောင်းမတတ်ရဘူးဆိုတော့ အဲကျောင်းက ကျောင်းဆရာ/မတွေက ဒီစခန်းကို လာ ပြလေ့ပြထရှိကြပါတယ်” ဟု ပြောသည်။

၎င်းစာသင်ဆောင်မှာ အနံ ၃၀ ပေ၊ အလျား ၁၁၀ ပေ ခန့်ရှိ ကွန်ကရစ် အောက်ခင်း၊ ဝါးကာ သွပ်မိုးဖြင့် ပြုလုပ်မည်ဖြစ်သည်။

ယင်းအဆောင်ကို စာရေးဆရာ ဝေဟင်အောင်၏ အလှူလက်ခံရရှိသည့် လက်ကျန်ငွေ သိန်း ၃၀၀၀ ကျော်ထဲက အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်ရောက် မိသားစုများ၏ အလှူငွေ ကျပ်သိန်း ၁၄၀ ဖြင့် ဆောက်လုပ် လှူဒါန်းခြင်းဖြစ်သည်။

စစ်ဘေးရှောင်နေသည့် မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာက ကျောင်းသားမိဘ ဦးကျော်ကျော်က “အခုလို့မျိုး လုပ်ပေးလို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ သားသမီးက အစပေါ့လေ။ စခန်းတစ်ခုလုံးကလေးတွေ ပညာရေး ကင်းမဲ့နေချိန်မှာ မျိုးဆက်သစ်ကျွန်တော်တို့ ကလေးတွေကို ပညာရေးမှာ နောက်မကျအောင် လုပ်ပေးတာ၊ ကူညီပေးတာကို အရမ်းဝမ်းသာပါတယ်” ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ပေါက်ပင်ကွင်း၊ လက္ကာ၊ အောက်သကန်၊ ဘူးရွက်မညှိး စသည့် ကျေးရွာတို့မှ စဟ်ဘေးသင့် ဒုက္ခသည်များနေထိုင်ကြပြီး၊ လူဦးရေ (၃၃၅၅) ဦးရှိကြောင်း သိရှိရသည်။

https://www.facebook.com/narinjara.info/posts/4337247189620658

Leave a Reply

Your email address will not be published.