By Development Media Group (DMG)/ 2021 May 25
မီးလောင်ဆုံးရှုံးသွားတဲ့အထဲမှာ ဘူးသီးတောင်မြို့နယ်က နေအိမ် ၁၆၃ လုံး၊ ကျောက်တော်မြို့နယ်က ၃၉၉ လုံး၊ ရသေ့တောင်မြို့နယ်က ၁၆၄ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၃ လုံးနဲ့ မြောက်ဦးမြို့နယ်က ၂၀၉ လုံး၊ မင်းပြားမြို့နယ်က ၂၈ လုံးအပြင် ပလက်ဝမြို့နယ်က ၂၄၄ လုံး ပါဝင်တယ်လို့ အဲဒီစာရင်းက သိရပါတယ်။ အခုမီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကစပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ၂ နှစ်တာ စစ်ရေးပဋိပက္ခတွေကြား တိုက်ပွဲဖြစ်စဉ်တွေနဲ့ဆက်စပ်ပြီး မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေဖြစ်တယ်လို့ ရခိုင်တိုင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
https://www.facebook.com/dmgnewsagency/posts/2022472364571831