စစ်တွေမှာ ဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်းကို လူနာအများအပြားလာရောက်ပြသ (ရုပ်/သံ)

By Narinjara/ 2021 May 9

ငွေကြေးမတတ်နိုင်သူတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ စစ်တွေမြို့ Food Not Bombs Rakhine ဆိုတဲ့ အခမဲ့ဆေးခန်းမှာ လူနာအများအပြား လာရောက်ပြသနေကြပါတယ်။ဒီဆေးခန်းကို စတင်ဖွဲ့စည်းခဲ့တဲ့နေ့ကနေ (၅)ရက်အတွင်းမှာ ရောဂါဝေဒနာရှင် ၁၀၀ ကျော် လာရောက်ပြသလို့ ကုသပေးခဲ့ရတယ်လို့ ဆေးခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ဒီဆေးခန်းကို ရေရှည်ဖွင့်လှစ်ချင်ပေမဲ့ ဆေးဝါးမပြည့်စုံမှုတွေနဲ့ လာမဲ့ မိုးရာသီမှာ နေရာထိုင်ခင်း အဆင်မပြေမှုတွေကြောင့် ရေရှည်မှာ ဆက်လက်ဖွင့်လှစ်နိုင်ဖို့ အဟန့်အတားဖြစ်မှာကို ဆေးခန်းတည်ထောင်သူတွေက စိုးရမ်းနေကြပါတယ်။ အပြည့်အစုံကို ရုပ်သံမှာ ကြည့်ရှူနားဆင်နိုင်ပါပြီ။

https://www.facebook.com/narinjara.info/posts/4296753697003341

Leave a Reply

Your email address will not be published.