By Narinjara/ 2021 May 14
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်လူနာတစ်ယောက် ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ထပ်တွေ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က အတည်ပြုပြောပါတယ်။
အခုထပ်တွေ့တဲ့လူနာကတော့ အသက် ၅၉ နှစ်အရွယ် ဗမာအမျိုးသားဖြစ်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ကုန်သွယ်ရေးသွားလာနေသူတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ဒေါက််တာစိုးဝင်းပိုင်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရေးသွားလာနေသူ လူဦးရေ ၄ဝ ကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စစ်ဆေးခဲ့ရာမှာလည်း ၄ ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိထားပါတယ်။ ကျန်တဲ့ ၃၆ ယောက်ကို ထပ်စစ်ရာမှာ ဒီကနေ့မှာ နောက်ထပ်တစ်ယောက် ကိုဗစ်ပိုးတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
အခုတွေ့ရှိခဲ့တဲ့ ကိုဗစ်ပိုးဟာ ဗီဇကွဲ/မကွဲဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
စစ်တွေမှာ မေလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကိုဗစ်ပိုးရှိသူ ၅ ယောက်တွေ့ထားပြီဖြစ်ပြီး သူတို့တွေဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်။ သူတို့တွေရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့လည်း ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
https://www.facebook.com/narinjara.info/posts/4315172755161435