By Western News/ 2021 May 23
ရခိုင်ပြည်နယ် စစ်တွေမြို့ အထက ၂ တွင် ယနေ့ မေလ ၂၄ ရက် နံနက် ၁၀ နာရီ အချိန်မှ စတင်ပြီး ထက်၊လယ်၊ မူ ကျောင်းသား/သူများကို ကျောင်းအပ်လက်ခံနေသည်ကို တွေ့ရှိရသည်။
ကျောင်းအပ် လက်ခံနေသည့်အခမ်းအနားကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင် ၃ ဦးသန်းထွန်း၊ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များလာရောက် ကြည့်ရှုသည်ကိုလည်း တွေ့ရှိရသည်။
ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာပုဂ္ဂိုလ်များအား သတင်းအင်တာဗျူးရယူရန် ကြိုးစားခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/296650685474776