By Narinjara/ 2021 May 23
ဓာတ်ပုံ – သျှင်မင်းဇံ၊ ဆောင်းဇာခြည်
မူလတန်းမှ အထက်တန်းကျောင်းသား/သူ များအား ယနေ့ မေလ ၂၄ ရက်နေ့မှစတင်ကာ ကျောင်းလာအပ်သည့်မြင်ကွင်းအား တွေ့ရခြင်းဖြစ်သည်။
ကျောင်းအပ်လက်ခံခြင်းကို ယနေ့မှစတင်ကာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စာရင်းပေးသွင်းနိုင်ပြီဟုလည်း ဆရာ၊ ဆရာမများက ပြောသည်။
ယနေ့တွင် ရခိုင်တစ်ပြည်လုံး ကျောင်းလာအပ်သည့် ကျောင်းသူ၊ ကျောင်းသားစာရင်းဦးရေအတိအကျကိုမူ ပြည်နယ်ပညာရေးမှူးအပါအဝင် တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်နေဆဲဖြစ်သည့်အတွက် လောလောဆယ် မသိရသေးပေ။
ယခုနှစ် ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွင်း ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၁၉၆ ကျောင်းကို ဖွင့်လှစ်ပေးသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးဦးတင်သိန်းက နိရဥ္စရာသတင်းဌာနအား ပြောဆိုထားသည်။
https://www.facebook.com/narinjara.info/posts/4346356118709765