စစ်တွေတွင် ဘင်္ဂလာပြန်တစ်ဦး၌ ကိုဗစ်-၁၉ ထပ်တွေ့၊ ကိုဗစ်ဗီဇကွဲ/ မကွဲအတည်မပြုနိုင်သေးဟုဆို

By Narinjara/ 2021 May 14

ထွန်းခိုင် (တောင်ရင်းကျွန်း)

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ တစ်ဦးတွင် ကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိခဲ့ပြီး တွေ့ရှိသောလူနာများ၏ ကိုဗစ်- ၁၉ မှာ ဗီဇကွဲ/ မကွဲအတည်မပြုနိုင်သေးဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက််တာစိုးဝင်းပိုင်က ပြောသည်။

ယခုထပ်တွေ့ရှိသည့် လူနာမှာ အသက် ၅၉ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် သွားလာနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

“ ကျနော်တို့က ၃ရက်မှာတစ်ကြိမ်၊ ၇ ရက်မှာတစ်ကြိမ် ပြန်စစ်ရတဲ့အတွက် negative ထွက်ထားတဲ့ ၃၆ ယောက်ကို ဒီနေ့ ဒုတိယတစ်ကြိမ်စစ်တယ်။ အဲဒီဟာထဲက တစ်ယောက်ပြန်တွေ့တာပါ။ အခု ကိုဗစ်က ဗီဇကွဲတယ်၊ မကွဲဆိုတာကိုတော့ အတည်ပြုလို့မရသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သော မေလ ၁၂ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရေးသွားလာနေသူ လူဦးရေ ၄၀ ကိုစစ်ဆေးခဲ့ရာ ၄ ဦး ကိုဗစ်ပိုး-၁၉ တွေ့ရှိခဲ့သည်။

ယခုပိုးတွေ့ရှိသူများမှာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေလျက်ရှိပြီး သူတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်သည်ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်တွင် ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၃၇ ဦးသေဆုံးသွားပြီး ၄၂၆၄ ဦး ရောဂါကူးစက်ခံခဲ့ရသည်။

https://www.facebook.com/narinjara.info/posts/4315157641829613

Leave a Reply

Your email address will not be published.