By Development Media Group (DMG)/ 2021 May 15

ဂွမြို့နယ် ကြွေဂျိုင်ကမ်းခြေတွင် ရေဆင်းကစားသူ ၃ ဦး မနေ့ညနေက ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဂွမြို့နယ်နာရေးကူညီမှုအသင်းထံမှ သိရသည်။
သေဆုံးသူများမှာ ဒေါက်တာ ဦးအောင်ဇော်လတ် (၄၆) နှစ်၊ ဦးဇော်မျိုးမြင့် (၃၄) နှစ်၊ မထက်ရီလင်း (၁၉) နှစ် တို့ဖြစ်ကြပြီး ၎င်းတို့မှာ ရန်ကုန်မြို့မှလာရောက်လည်ပတ်ကြသူများဖြစ်သည်ဟု ဂွမြို့နယ်နာရေးကူညီမှုအသင်းမှ ကိုကျော်မြင့်မောင်က ပြောသည်။
“ဒီကြွေဂျိုင်ကျေးရွာက လို့သိရတယ်။ ဒါပေမဲ့ ရန်ကုန်မှာနေတာ။ တစ်နှစ်ကို တစ်ခေါက်လောက် လာကြတယ်ပြောတယ်။ ရေကူးတာကတော့ သူတို့ ၃ ယောက်တည်းမဟုတ်ဘူး။ လူတွေအများကြီးပါတယ်။ ကောင်မလေးက ရေစီးနှင့်ပါသွားတာကို ကျန်တဲ့သူနှစ်ဦးက လိုက်ဆယ်ရင်း အခုလိုတွေ ဖြစ်သွားတာ။ သူတို့တွေက မိသားစုဝင်တွေလို့ သိရတယ်” ဟု ပြောသည်။
လက်ရှိ အလောင်းမျာကို ကြွေဂျိုင်ကျေးရွာမှ သူတို့ပိုင်ဆိုင်သော နေအိမ်တွင်ထားရှိလျက်ရှိသည်။
ကြွေဂျိုင်းကမ်းခြေမှ ယခုကဲ့သို့ ရာသီဥတု အပြောင်းအလဲ ဖြစ်မည့်အချိန်တွင် ပင်လယ်ရေအောက်ကြမ်းခင်း မညီမညာခြင်းကြောင့် ရေလှိုင်းကြီးခြင်းများဖြစ်ပေါ်လာနေပြီး ရေဆင်းကစားသူများအနေဖြင့် အထူးသတိထားဖို့ရန် လိုအပ်ကြောင်း ဒေသခံများကပြောသည်။
https://www.facebook.com/dmgnewsagency/posts/2014019852083749