ဂြိဟ်တုစလောင်းများတပ်ဆင် အသုံးပြုပါက ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရမည်ဟု ကြေညာ

By Western News/ 2021 May 4

ဂြိုဟ်တု၊ ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြုဖမ်းယူကြည့်ရှုမှုများ ပြုလုပ်ပါက ထောင်ဒဏ် ၁ နှစ်၊ ဒဏ်ငွေ ၅ သိန်းအစရှိသည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း မေလ ၄ ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနကကြေညာသည်။

ကြေညာချက်တွင် တရားမဝင်အဖွဲ့အစည်းနှင့် သတင်းဌာနအချို့သည် တရားမဝင်သော ဂြိုဟ်တုစလောင်းများမှ တစ်ဆင့် ရုပ်သံလိုင်းများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့် အညီဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသောအကြောင်း ထုတ်ပြန်ချက်ကရေးသည်။

ယင်းအပြင် ရုပ်သံလိုင်းများတွင်နိုင်ငံတော်အားသစ္စာဖောက်ဖျက် ပုန်ကန်မှုကျူးလွန်နေသူများကို အားပေးကူညီရာရောက်သည့် အကြောင်းအရာများကို ထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတော်သတင်းစာတစ်ခုဖြစ်သည့် မြန်မာအလင်းတွင်ရေးသားဖော်ပြထားသည်။

https://www.facebook.com/westernnewsagency/posts/284097453396766

Leave a Reply

Your email address will not be published.