By Development Media Group (DMG)/ 2021 May 10
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လအတွင်းက ကျောက်တော်မြို့နယ်အထက်ပိုင်း တင်းမကျေးရွာက ဒေသခံတွေဟာ အိုးအိမ်တွေကိုစွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။
ကျေးရွာသားတွေမရှိတဲ့နောက်မှာ တင်းမကျေးရွာအတွင်းက နေအိမ်တွေမီးရှို့ခံခဲ့ရပြီးတော့ အခုဆိုရင် ကျေးရွာမှာ လူမနေတာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။ အခု ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ကျေးရွာသားအချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတို့က တင်းမကျေးရွာအခြေအနေကို ပြည်နယ်စီမံကောင်စီရဲ့ခွင့်ပြုချက်နဲ့ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
လက်ရှိ တင်းမကျေးရွာရဲ့အခြေအနေဟာ ဘယ်လိုရှိနေလဲ၊ ကျေးရွာအတွင်းမှာ ဘာတွေမြင်ခဲ့ရသလဲဆိုတာကို ကိုယ်တိုင်သွားရောက်ခဲ့သူတွေကို DMG က တွေ့ဆုံမေးမြန်းထားပါတယ်။
https://www.facebook.com/dmgnewsagency/posts/2010173239135077