By Narinjara/ 2021 May 3
ထွန်းခိုင်

ရခိုင်ပြည်နယ်၊ ကျောက်တော်တောင်ဘုရားပွဲတွင် ရခိုင်ရိုးရာ ပြိုင်လောင်းပွဲကို ထည့်သွင်းကျင်းပခဲ့ရာ မြို့သစ်ရပ်ကွက်အသင်းက ပထမဆုကို ဆွတ်ခူး ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။
ပြိုင်လောင်းပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင် ကျောက်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောမောင်က “ လှေပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက် ၅ ခုမှ အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ လှေအရွယ်အစားက လက်လံ ၆ လံရှိပါတယ်။ ပထမဆု အလံကို မြို့သစ်ရပ်ကွက်က ဆွတ်ခူးရရှိပြီး ဒုတိယဆုကို ပြည်တော်သာရပ်ကွက်မှ ရရှိသွားပါတယ်” ဟု ပြောသည်။
လှေပြိုင်ပွဲတွင် ပထမဆုကို ၁၀ သိန်းနှင့် ဒုတိယဆုကို တန်ဖိုးမှာ ၇ သိန်း ချီးမြှင့်ခဲ့ကြောင်း သူက ပြောသည်။
ကျောက်တော်တောင် ဘုရားပွဲကို (၂) နှစ်ခန့် ရပ်တန့်နေပြီး ယခုနှစ်တွင် ဧပြီ ၂၈ ရက်မှ မေလ ၂ ရက်နေ့ထိ အထူးစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တော်တောင်ဘုရားပွဲတွင် ရခိုင်ရိုးရာလှေပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ရာ လှေပြိုင်ပွဲနှင့် အတူ ရေပေါ်ပျော်ပွဲရွှင်ပွဲမှာ အထူးစည်ကားခဲ့ကြောင်း သိရသည်။
လှေပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက် ၅ ခုမှ အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
https://www.facebook.com/narinjara.info/posts/4279993048679406