ကရင်ပြည်နယ်တွင် (ANC/AA)နှင့် (KNU/KNLA) တို့ပူးပေါင်း၍ တပ်မတော် တပ်စခန်းတစ်ခုကိုသိမ်းပိုက်ဟု ထုတ်ပြန်

By Western News/ 2021 May 7

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေရှိ တပ်မတော်စခန်းတစ်ခုကို ရခိုင်ပြည်အမျိုးသားတပ်မတော် (ANC/AA)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တို့ပူးပေါင်း၍ ယနေ့ မေလ ၇ ရက် နံနက် ၁၁ နာရီ ခွဲအချိန်ခန့်တွင် သိမ်းပိုက်ခဲ့သည်ဟု ရခိုင်ပြည်အမျိုးသားတပ်မတော်(ANC/AA) က ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်လက်နက်ပစ္စည်း အမြောက်အမြားကိုလည်းသိမ်းဆည်းရရှိခဲ့ဟု ထုတ်ပြန်ချက်ကရေးသည်။ ယင်းထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များမှာ ထိုင်းအာဏာပိုင်များအား အကူအညီတောင်းကာ အခြားစခန်းတစ်ခုသို့ တိမ်းရှောင်ထွက်ပြေးသွားကြသည်ဟု ပါရှိသည်။

ယခုလို တပ်စခန်းတစ်ခုအား ရခိုင်ပြည်အမျိုးသားတပ်မတော် (ANC/AA)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခြင်းနှင့် ပတ်သက်၍ တပ်မတော်ကဖက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါ။

https://www.facebook.com/westernnewsagency/posts/285486293257882

Leave a Reply

Your email address will not be published.