ကစ္ဆပနဒီမြစ်ကမ်းစပ်တွင် သေဆုံးနေသည့် အလောင်းတစ်လောင်းတွေ့ရှိ

By Western News/ 2021 May 17

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အရှေ့ဖက် ကစ္ဆပနဒီမြစ်ကမ်းစပ်တွင် သေဆုံးနေသည့်အလောင်း တစ်လောင်း ကို မေလ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဒေသခံများကတွေ့ရှိခဲ့ကြသည်ဟု ကျောက်တော်မြို့မရဲစခန်း မှအတည်ပြုပြောဆိုသည်။

သေဆုံးသွားသူမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ် ကိုမောင်မောင်သန်းဖြစ်ပြီး ရွှေကျောင်းဓမ္မာရုံ တောင်ဖက် ကုန်သွယ်ရေး ကူဒေါင်အရှေ့ဖက်တွင် ပုဆိုးကိုခ‌ဒေါင်းကျိတ်ကာ မှောက်လျက်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ သည်ဟု ကျောက်တော်မြို့မစခန်းမှ ဒုရဲမှူးကျော်ကျော်ကပြောသည်။

“ ကျွန်တော်တို့က ကိုမောင်မောင်သန်းသေနေတာကို လေးနာရီကျော်လောက်မှသိတာ။ ရပ်ကွက်အုပ်ချုပ် ရေးမှူးက ဖုန်းဆက်ပြောတယ်။ သူကရိုးရိုးရေနစ်လို့သေတာ။ သူ့ရဲ့အလောင်းကိုကျွန်တော်တို့ရင်ခွဲရုံကိုပို့လိုက်တယ်”ဟု ပြောသည်။

သေဆုံးသူသည် စိတ်မနှံ့ဟု ယူဆရပြီး ကစ္ဆပနဒီတံတားပေါ်ကနေ မြစ်ထဲသို့ ခုန်ချလိုက်သည်ကို မြင်တွေ့လိုက်ကြောင်း မျက်မြင်များကို ကိုးကားပြီး ဖြူစင်မေတ္တာ ပရဟိကူညီရေးအသင်းမှ ဥက္ကဌ ဦးညီပုက ပြောသည်။

“တံတားပေါ်က အော်ပြီးတော့ ခုန်ဆင်းသွားတယ်လို့ ကျနော့်ကို မျက်မြင်တွေကတစ်ဆင့်ပြောပါတယ်။ ငါဟေ့ ယောကျင်္ားအော်ပြီးတော့ ခုန်ချသွားတာကို မျက်မြင်တွေကပြောတယ်။ သူက စိတ်မနှံ့ဘူးလို့ပြောတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ကျနော်တို့ကတော့ စုံစမ်းနေတုန်းပါပဲ၊ အလောင်းကိုတော့ ဆန်စက်နားကပေါ်လာတာပါ။ အလောင်းကိုတော့ ခွဲရုံကို သွားပို့လိုက်ပါတယ်”ဟုပြောသည်။

https://www.facebook.com/westernnewsagency/posts/291911425948702

Leave a Reply

Your email address will not be published.