By Western News/ 2021 April 20
စစ်အာဏာသိမ်းကောင်စီမှာပါဝင်သည့် အရပ်သားနိုင်ငံရေးသမားများ ၁၀ ဦးနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ် ပတ်သက်နေသည့် လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်း ၂ ခုကို EU ဥရောပသမဂ္ဂမှ အရေးယူဒဏ်ခတ်မှုစာ ရင်းထဲကို ထည့်သွင်းလိုက်သည်ဟု ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ဥရောပသမဂ္ဂ EUမှ အရေးယူဒဏ်ခတ်လိုက်သည့် အရပ်သားနိုင်ငံရေးသမား ၁၀ ဦးမှာ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်း၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ စောဒယ်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးချစ်နိုင်( ချစ်နိုင်- စိတ်ပညာ)တို့ဖြစ်သည်။
ယင်းအပြင် ဒဏ်ခတ်မှုစာရင်းထဲတွင်ပါဝင်လာသည့် စီးပွားရေးလုပ်ငန်းကြီး ၂ ခုမှာ မြန်မာစီးပွားရေး ဦးပိုင်လီမိတက် MEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ဖြစ်သည်။
ပြစ်ဒဏ်ချမှတ်ခံထားရသည့်လူပုဂ္ဂိုလ်များမှာ မြန်မာ့ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး တို့ကိုပျက်ပြား သွားစေရန်လုပ်ဆောင်နေသည့် နေရာတွင် တာဝန်ရှိသည့်လူပုဂ္ဂိုလ်များဖြစ်သလို လူ့အခွင့်အရေးကိုချိုးဖောက်ပြီး ဆက်လက်ဖိနှိပ်သည့်နေရာ၌ ပါဝင်ပတ်သက်သူများ ဖြစ်သဖြင့် ယခုလို ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိတွင် ဥရောပသမဂ္ဂ EUမှ ဒဏ်ခတ်အရေးယူလိုက်သည့် စာရင်းထဲတွင် လူပုဂ္ဂိုလ် ၃၅ ဦးနှင့် စီးပွားရေးလုပ် ငန်းကြီး ၂ ခုရှိသွားပြီ ဖြစ်ကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/274411151032063