By Western News/ 2021 April 27

၁၁ ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့ ခေမာမဏ္ဍိုင်ကျောင်းတွင် ဧပြီ ၂၇ ရက်နေ့ ယနေ့နံနက်က ကိုဗစ်ကြောင့် အကျဉ်းချုပ်သာကျင်းပခဲ့ကြသည်။
အဆိုပါ ခမီအမျိုးသားနေ့ ကျင်းပပြုလုပ်သည့်အခမ်းအနားကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဥက္ကဌ ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ အတွင်းရေးမှူး၊ မြိုစာပေနှင့် ယဉ်ကျေးမှုဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူတစ်ချို့တို့တက်ရောက်ခဲ့ကြသည်။
ယခင်နှစ်များက ခမီအမျိုးသားနေ့ကို တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်ပွဲတော်ကို ကိုဗစ်ကြောင့် အကျဉ်းချုပ်သာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီများကပြောသည်။
ပြီးခဲ့သည့်နှစ်များက ရခိုင်ပြည်နယ်၌ ခမီအမျိုးသားနေ့ကိုမြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တော၊ ဘူးသီးတောင်မြို့နယ်၊ စစ်တွေမြို့နယ်တို့တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်ဖွားဌာနေ တိုင်းရင်းသားမျိုးနွယ်စု ( ၇ ) မျိုးဖြစ်သည့် မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မာရမာကြီး၊ ရခိုင်နှင့် ကမန်လူမျိုးများ ဖြစ်ကြပြီး ခမီလူမျိုးတို့မှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ဘူးသီးတောင်၊ မြောက်ဦးနှင့် စစ်တွေမြို့နယ်စသည့်မြိုနယ်များတွင်အများဆုံး နေထိုင်လျှက်ရှိကြသည်။
https://www.facebook.com/westernnewsagency/posts/279020433904468