By Western News/ 2021 April 30

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၁ လ ထပ်မံရပ်ဆိုင်းကြောင်းစစ်ကောင်စီက ဧပြီလ ၃၀ ရက်တွင်ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအားနှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် မေ ၁ ရက်မှ ၃၁ ရက်ထိထပ်မံရပ်ဆိုင်းပေးသွားမည်ဟု ဖော်ပြပါရှိသည်။
ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ဘက်ပေါင်းစုံမှတိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက်လုပ်ဆောင်လျှက်ရှိပြီး စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများထပ်မံရပ်ဆိုင်းပေးထားသည့် ကာလ အတွင်းတွင်လည်း ထာဝရငြိမ်းချမ်းရေးရရှိအောင်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်းလည်း စစ်ကောင်စီက၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် လေကြောင်း၊ ကြေးကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်လျှက်ရှိသည်။
စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်ဘက်ခြမ်းက ဒေသခံတိုင်းရင်းသား ၃၀၀ ကျော် တစ်ဖက်ထိုင်းနိုင်ငံ ဖက်ခြမ်းကို ဧပြီ ၂၈ ရက်နေ့ကထပ်မံထွက်ပြေးခိုလှုံနေရကြောင်း KPSN ၏ အွန်လိုင်းသတင်းစာရှင်းလင်းမှုတွင် ပြောဆိုထားသည်။
ယင်းအပြင် ဧပြီလ ၂၉ ရက်နေ့ကလည်း မကွေးနှင့် မိတ္ထီလာလေတပ်စခန်းများကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုမကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောဆိုထားသော်လည်း စစ်ကောင်စီက အဆိုပါပြောဆိုချက်များကိုငြင်းဆန်ထားသည်။
https://www.facebook.com/westernnewsagency/posts/280894033717108