By Development Media Group (DMG) / 2021 April 6

ရခိုင်အဆိုတော် ဝင်းကိုခိုင် မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ အိမ်တစ်လုံးစာအတွက် ငွေကျပ် နှစ်သိန်းကို သွားရောက်လှူဒါန်းခဲ့ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဧပြီလ ၆ ရက်နေ့မှာ ရေးသားထားသည်။ သူနှင့်အတူ သူငယ်ချင်းမိတ်ဆွေများနှင့် အဆိုတော် L ကိုလင်းလည်း ပါဝင်လိုက်ပါကူညီခဲ့သည်ဟု ဆိုသည်။ တိမ်ညိုဘေးရှောင်စခန်းမှာ ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ ညနေက မီးလောင်မှုကြောင့် နေအိမ် ၈၀၀ ကျော်ရှိသည့်အနက် ၆၆၀ ကျော် မီးလောင်းကျွမ်းဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ဒုက္ခသည်စခန်းတာဝန်ခံများမှ ဦးဆောင်ကာ နေအိမ်များ ပြန်လည်ဆောက်လုပ်နေပြီဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/1983994045086330