သတ္တမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲပုံရိပ်များ

By Development Media Group (DMG) / 2021 April 9

သတ္တမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ၎င်း၏ဇာတိကျေးရွာဖြစ်သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သည်။

တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆု၊ ဂီတစာဆိုဆု၊ ဆောင်းပါးဆု၊ ဝတ္ထုဆု၊ ကဗျာဆု၊ ကလေးကဗျာဆုနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုကို စာရေးဆရာ အနောက်သား(စစ်တွေ)မှလည်းကောင်း၊ ဂီတဆစာဆိုဆုကို ရခိုင်အဆိုတော် ဝင်းကိုခိုင်မှလည်းကောင်း၊ ဆောင်းပါးဆုကို စာရေးဆရာ ရိုးနွယ်(ကျောက်ဖြူ)မှလည်းကောင်း၊ ဝတ္တုဆုကို စာရေးဆရာမ မေလှိုင်းဖြူမှလည်းကောင်း၊ ကဗျာဆုကို ကဗျာဆရာ ဥက္ကာမင်းညိုမှလည်းကောင်း၊ ကလေးကဗျာဆုကို ကဗျာဆရာ စျာန်ဟိန်း(မြောင်းဘွေ)မှ လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

တန်းခိုးဆရာထွန်းသည် ဝတ္ထု၊ ဇာတ်များအပါအဝင် စာအုပ်ပေါင်း ၆၀ ကျော်ကို ရေးသားခဲ့သူဖြစ်ပြီး ဗြိတိသျှ အစိုးရလက်ထက်က ရခိုင်ပြည်၌ ပြိုင်စံရှားသော ရခိုင်သာခြင်းစာဆိုရှင်တစ်ဦးလည်းဖြစ်သည်။ ၎င်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာဇာတိဖြစ်ပြီး အသက် ၇၀ ခန့်တွင် ကွယ်လွန်ခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/1986320894853645

Leave a Reply

Your email address will not be published.