By Western News/ 2021 April 19

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ထိရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးတွင် ကူညီဆာင်ရွက်ပေးနေသည့်ရွှေရောင် မေတ္တာ ဖောင်ဒေးရှင်း၏ စာရင်းအရ သိရသည်။
အဆိုပါယာဉ်မတော်တဆဖြစ်ပွားမှုများတွင် စစ်တွေမြို့ လောကနန္ဒာရှေ့ ၁ ကြိမ်၊ ကမ်းနားလမ်း ၁ ကြိမ် ၊ဘုတ်ဆိပ်အနီး ၁ ကြိမ် ၊ရွာသာယာတွင် ၁ ကြိမ် ၊စစ်တွေမြို့မစျေး ငွေနဒီတိုက်တန်းရှေ့ ၁ ကြိမ်၊ ဗျိုင်းဖြူကျေးရွာ ၁ ကြိမ်၊ရွာသာယာ ၁ ကြိမ်၊ တပ်ရင်း ၁၂ အနီး ၁ ကြိမ် ၊ အမြင့်ကျွန်းတံတားအနီး ဆိုင်ကယ်နှင့်ကား တိုက်မှု ( ၁ ) ကြိမ် နှင့်ဂျီအီးစစ်တပ်ရင်းရှေ့ ယာဉ်တိမ်း မှောက်မှု ( ၁ ) ကြိမ်တို့ဖြစ်ကြသည်။
ယခု ဖြစ်စဉ်များမှာ သင်္ကြန်ကာလ ဧပြီ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်းဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာ ရရှိသူများဖြစ်ပြီး လက်ရှိတွင်ထိခိုက်ဒဏ်ရာရသူများမှာ ဆေးရုံတွင်ဆေးကု သမှုခံယူခဲ့ကြပြီးဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုဖိုး သောကြာကပြောသည်။
“ကျွန်တော်တို့ ဒီဖြစ်စဉ်တွေဟာ သင်္ကြန်ကာလ ဧပြီ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့ထိဖြစ်ပွားခဲ့တာတွေပေါ့။ ကျွန်တော်တို့ကလည်း အရေးပေါ်အခြေအနေနဲ့မို့လို့ စာရင်းတွေကို သေချာမလုပ်လိုက်ရဘူး။ သေဆုံးမှုမှာ ကျောင်းဆရာတစ်ဦးရယ်။ ပြီးတော့ အဖိုးတစ်ဦးရယ်ဖြစ်တယ်”ဟုပြောသည်။
စုစုပေါင်းယာဉ်မတော်တဆယာဉ်တိုက်မှုများ၊ တိမ်းမှောက်မှုများ ၁၅ ကြမ်ထိဖြစ်ပွားခဲ့၍ သေဆုံးသူ ၂ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၂၀ ကျော်ထိရှိကြောင်း ရွှေရောင် မေတ္တာမှဖောင်ဒေး ရှင်းမှ ဥက္ကဌ ကိုမင်းထည်ဝါက Western News ကိုပြောသည်။
ယင်းထဲမှ မင်းချောင်းတံတားနှင့် တပ်ရင်း ၁၂ အနီးတွင်ဖြစ်ပွားသော ယာဉ်မတော်တဆမှုတွင် အမျိုးသား ၁ ဦးစီသေဆုံးခဲ့ပြီး စုစုပေါင်း ၂ ဦးသေဆုံးသွားကြောင်းလည်းသိရသည်။
ရွှေရောင် မေတ္တာမှဖောင်ဒေး ရှင်းမှ ဥက္ကဌ ကိုမင်းထည်ဝါက “သင်္ကြန်ကာလအတွင်း ကူညီဆောင်ရွက်ပေးဖို့သွားတဲ့အခါမှာလည်း အခက်အခဲမရှိခဲ့ပါဘူး။ တစ်ချို့နေရာတွေမှာလူထူထပ်နေတာတွေ ရှိတယ်။ ဒါပေမယ့် အရေးပေါ်ကျနော်တို့ ရွှေရောင်မေတ္တာ ကားသံကြားရင်တော့ အကုန်လမ်းဖယ်ပေးကြပါတယ်။ စစ်တွေမြို့သူ/သားများကိုလည်း ကျေးဇူးတင်ပါတယ်” ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် အေအေတို့ နှစ်ဖက်တိုက်ပွဲကြောင့်နှင့် ကိုဗစ်ရောဂါတို့ကြောင့် သင်္ကြန်ပွဲတော်ကို ၃ နှစ်တိတိ မကျင်းပနိုင်ခဲ့ပေ။ ယခုနှစ်တွင် တိုက်ပွဲများရပ်တန့်ကာ ကိုဗစ်ရောဂါမရှိတော့သည့်အတွက် သင်္ကြန်ပွဲတော်ကို မြို့နယ် အချို့တွင်ကျင်းပခဲ့ကြသည်။
https://www.facebook.com/westernnewsagency/posts/273897227750122