လေပြင်းတိုက်ခိုက်မှုကြောင့် ပလက်ဝတွင် စစ်ဘေးရှောင်ဒုက္ခသည်နေအိမ် ၃၀၀ ကျော်ပျက်စီး

By Western News/ 2021 April 5

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့ ညနေ ၆ နာရီ ကျော်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များနေထိုင်သည့်နေအိမ် ၃၀၀ ကျော်ပျက်စီးဆုံးရှုံးသွားကြောင်းပလက်ဝ စစ်ဘေးရှောင် စခန်းတာဝန်ခံများကပြောသည်။



ပလက်ဝမြို့ ဘောလုံးကွင်းတွင်ဆောက်လုပ်ထားသည့် စစ်ဘေးရှောင်စခန်းတွင် အိမ်၂၈၀ နှင့် ပလက်ဝမြို့အတွင်း ဝိသုဒ္ဒါရုံ ဘုန်းတော်ကြီးကျောင်းတွင် ဆောက်လုပ်ထားသည့်စစ်ဘေးရှောင် စခန်းတွင်လည်းအိမ်ခြေ ၃၈ ဆောင်ခန့် စုစုပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်းစခန်းတာဝန်ရှိသူများက Western News ကိုပြောသည်။



ပလက်ဝမြို့ ဘောလုံးကွင်းတွင်ဆောက်လုပ်ထားသည့် စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးရဲဒက်မောင်က “ကျွန်တော်တို့ ဘောလုံးတွင်းစစ်ဘေးရှောင်စခန်းတွင်အိမ်ခြေ ၂၈၀ ကျော်ပျက််စီးသွားတယ်။ ခေါင်မိုးတွေအကုန်လုံးပျက်စီးသွားတယ်”ဟု ပြောကြားသည်။



လက်ရှိအချိန်တွင် ပျက်စီးသွားသောအိမ်များကို ကိုယ်အစီစဉ်ဖြင့် ပြန်လည်ပြုပြင်နေကြပြီးနောက်ထပ် မိုးဒဏ်လေဒဏ် ခံနိုင်အောင် အတွက် နေအိမ်းများဆောက်လုပ်ရန်အရေးပေါ်ဝါးနှင့် တိုင်းများလိုအပ်နေကြောင်း ဦးရဲဒက်မောင်က ပြောသည်။




နေအိမ် ၃၈ ဆောင်ခန့် ပျက်စီးခဲ့သည့် ဝိသုဒ္ဒါရုံဘုန်းတာ်ကြီးကျောင်း စခန်းတာဝန်ခံ ကိုတင်ဦးက “ကျွန်တော်တို့ စခန်မှာ ၃၈ ဆောင်ခန့် ပျက်စီးသွားတယ်။ အိမ် ၂ဆောင်ခန့်ကတော့လူနေလို့မရအောင်ကို ပျက်စီးသွားတယ်။ ယိုင်သွားတာပါ။ ကျန်တာတွေကတော့ အခေါင်မိုးတွေပျက်စီးသွားတာပါ” ဟုပြောသည်။



ပျက်စီးသွားသောစစ်ဘေးရှောင်စခန်းများကိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူများကလာရောက်ကြည့်ရှုခဲ့ပြီးမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့သော်လည်းပျက်စီးသွားသောအိမ်များအားကူညီ ထောက်ပံမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိဟု ဦးရဲဒက်မောင် ကပြောသည်။



အဆိုပါ ဝိသုဒ္ဒါရုံ စစ်ဘေးရှောင် စခန်းသည် ရွာမရပ်ကွက်တွင်တည်ဆောက်ထားခြင်းဖြစ်ပြီ အိမ်ခြေ ၁၃၀ ဆောင်ရှိကာ အိမ်ထောင်စု ၁၃၅ စုတွင် လူဦးရေ ၅၃၄ ယောက်ခန့် ရှိပြီးလက်ရှိတွင် ပျက်စီးသွားသော အိမ်များမှ စစ်ဘေးရှောင်များသည် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များတွင်နေထိုင်ကြကြောင်း သိရသည်။



ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာ ကပျက်စီးသွားသော အိမ်များကို ပြန်လည်တည်ဆောက်ပေးရန်ဘေးစီမံ ဆီးသို့တင်ပြထားပြီး လိုအပ်သော သံကြိုးများ၊ပစ္စည်းများကို ထောက်ပံလျှက်ရှိကြောင်း ဦးအောင်လောဟာက ပြောသည်။



“ကျွန်တော်တို့က ဘေးစီမံထံ ကအထောက်ပံတွေရဖို့ တင်ပြထားတာတွေရှိပါတယ်။ လိုအပ်သော သံကြိုးများ၊ပစ္စည်းတွေကို ထောက်ပံ့ပေးနေတယ်ဟု” ပြောသည်။


ပျက်စီးဆုံးရှုံးမှုများခဲ့သော ဘောလုံးကွင်းစစ်ဘေးရှောင် စခန်းသည် မြို့မရပ်ကွက်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အိမ်ခြေ ၃၁၉ ဆောင်တွင် လူဦးရေ ၁၄၄၀ ဦးခန့် ရှိသည်ဟုစခန်းတာဝန်ခံ ဦရဲဒက်မောင်က ပြောသည်။


ပျက်စီးမှုတွေ ရှိခဲ့သော စစ်ဘေးရှောင်စခန်းမှ အိမ်များမှာ သွပ်ပြား၊ ဝါး စသည်တို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါ မိုးသက်လေပြင်း ကျရောက်မှုသည် ညနေ ၆ နာရီ ၁၅ မိနစ်ဝန်းကျင်မှ စတင်တိုက်ခိုက်ခဲ့ပြီး ၆ နာရီ ၃၅ မိနစ်ခန့်တွင် ငြိမ်သက်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/westernnewsagency/posts/264806031992575

Leave a Reply

Your email address will not be published.