ရခိုင်ပြည်နယ် မင်းပြားမြို့ဟာ နှစ်စဉ်နှစ်တိုင်းလိုပဲ ကမ်းပါးပြိုကျမှုဒဏ်ကိုခံနေရတာကြောင့် ကာကွယ်မယ့် နည်းလမ်းတွေနဲ့ ထိရောက်စွာဆောင်ရွက်ပေးဖို့အတွက် ဒေသခံတွေက လိုလားနေကြပါတယ်။

By Development Media Group (DMG) / 2021 April 4

၁၉၆၈ ခုနှစ်က ကလိန်နောင်အမည်ရှိတဲ့ နှစ်ထပ်သဘောင်္နစ်မြုပ်သွားတဲ့အချိန်ကစလို့ ရေလမ်းကြောင်း လွဲမှုတွေဖြစ်ပေါ်ကာ မင်းပြားမြို့ကိုရေတိုက်စားပြီး ကမ်းပါးပြိုမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အခုလို ရေတိုက်စားပြီး ကမ်းပြိုမှုတွေဖြစ်နေတာဟာ နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်နေပြီဖြစ်တယ်လို့ မင်းပြားဒေသခံ တွေကဆိုပါတယ်။

https://fb.watch/5M2GCp1WIp/

Leave a Reply

Your email address will not be published.