ယခုနှစ်ရခိုင်ရိုးရားသင်္ကြန်ပွဲတော်များကျင်ပရန် စီစဉ်ထားကြသော်လည်း ရန်ကုန်အပါအဝင် တိုင်းရင်းဒေသများတွင် ပြည်သူလူထုများလည်း စိတ်မချမ်းမြေ့ဖွယ်နှင့် သေကြေပျက်စီမှုများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသောကြောင့် ရခိုင်ပြည်နယ်အတွင်းက ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်များအား ဖျက်သိမ်းလိုက်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီများထံမှ သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး ၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ မာန်အောင်စသော ရခိုင်ပြည်နယ် အတွင်း မြို့နယ် ၁၇ မြို့နယ်အတွင်းတွင် ယခင်းနှစ်များကဲ့သို့ ဗဟိုမဏ္ဍာပ်များအား စည်းကားသိုက်မြိုက်စွာ ကျင်းပမည် မဟုတ်ဘဲ ရခိုင်ရိုးရာဘုရားသပ္ပာယ်တာကလွဲ၍ ကျင်းပမည်မဟုတ်ကြောင်းသင်္ကြန်ဖြစ်မြောက်ရေးကော်မတီများက ပြောဆိုသည်။
ရန်ကုန်အပါအဝင် တိုင်းရင်းဒေသများတွင် ပြည်သူလူထုများလည်း စိတ်မချမ်းမြေ့ဖွယ်နှင့် သေကြေပျက်စီမှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသောကြောင့် ယခုကဲ့သို့ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု မင်းပြားမြို့ ပြည်တော်လှရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကပြောသည်။
“ပထမတော့ ကျွန်တော်တို့ ရခိုင်ရိုးရားသင်္ကြန်ကျင်းပဖို့စီစဉ်ခဲ့တာတွေရှိခဲ့တယ်။ နောက်ပိုင်းပြည်မက ပြည်သူတွေရဲ့ သေကြေ ပျက်စီးမှုတွေရှိတယ်။ ဒါကြောင့် မကျင်းပတော့ဘူးလို့ဆိုပြီး ပြန်လည်ဖျက်သိမ်းခဲ့တာ”ဟုပြောသည်။ရခိုင်ပြည်သူများအနေဖြင့် သင်္ကြန်ကာလတွင် အပျော်အပါးလွန်ကျူးမှုများမပြုလုပ်ကြရန် မဟာရက္ခိတအဖွဲ့မှ စစ်တွေမြို့တွင် မတ်လ ၃၁ ရက်နေ့က လက်ကမ်းစာရွက်များ ဖြန့်ဝေကာ တိုက်တွန်းနှိုးဆော်ထားသည်။မြေပုံမြို့မြို့တွင် လူမှုရေးလုပ်ဆောင်ရွက်နေသူ ဒေါ်မညွန်စိုးက” သင်္ကြန်ပွဲတော်လုပ်ဖို့ဆိုပြီးအကတွေ၊ တီးဝိုင်းတွေတိုက်ထားကြပြီ၊ သင်္ကြန်မဏ္ဍာပ်တွေလုပ်ဖို့ပြင်ဆင်ထားပြီ။ ဒါပေမယ့် ဘုရားရေသပ္ပာယ်တာတွေက တော့ရှိမယ်။ ကျန်တာတွေကတော့လုပ်မှာ မဟုတ်ဘူး။ မြေပုံလူငယ်တွေက သင်္ကြန်ပွဲတွေမလုပ်ဖို့ ညွှန်ကြားထားတယ်”ဟုပြောသည်။
ယခုလက်ရှိတွင် ရခိုင်စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော်နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းများတွင်နေထိုင်နေရခြင်း ပြည်မမှ ပြည်သူလူထုများလည်း စိတ်မချမ်းမြေ့ဖွယ် သေကြေပျက်စီမှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားမှုများရှိခြင်းတို့ကြောင့် ရခိုင်ရိုးရားသင်္ကြန်အားစည်ကားသိုက်မြိုင်စွာ မကျင်းပသင့်ကြောင့် ယင်းကော်မတီကအကြံပြုကြသည်။
စစ်တွေမြို့နယ်လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီမှ ပြောရေးဆိုခွင့်ရှိသူဦးစိုးနိုင်က “အခုလက်ရှိကျွန်တော်တို့မှာ စစ်ဘေးရှောင်တစ်သိန်းခြောက်သောင်းကျော်ကနေရပ်နိုင်သေးဘူး။ စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းတွေမှာ ဆင်းဆင်းရဲရဲ ဒုက္ခတွေနဲ့ရှိနေသေးတယ်။ ထို့အတူမြန်မာနိုင်ငံ ပြည်မဒေသတွေမှာနိုင်ငံရေးတင်းမာမှုတွေရှိနေတာကြောင့် ပြည်သူအများကြီး သေကြေပျက်စီးဒုက္ခရောက်နေကြတယ်။ ဒါကြောင့် ရခိုင်ရိုးရာသင်္ကြန်ကို စည်ကားသိုင်မြိုင်စွာမကျင်ပသင့်ဘူး”ဟုဦးစိုးနိုင်က ပြောကြားသည်။
ပုဏ္ဏားကျွန်မြို့ စံပြရပ်ကွက်အုပ်ချုပ်ရေးမှု ဦးအောင်စိန်လှကလည်း ပုဏ္ဏားကျွန်းမြို့တွင်ရေလောင်း မဏ္ဍပ်များဖြင့်ကျင်းပမည် မဟုတ်ကြောင်း ပြောကြားသည်။ “ကျွန်တော်တို့မှာ ကိုဗစ် လည်းလုံးဝစိတ်ချရတဲ့အခြေနေမဟုတ်သေးဘူး။ နောက်ပြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကလည်းတစ်စုံ တစ်ရာညွန်ကြားထားခြင်းသေးဘူး ”ဟု ဦးအောင်စိန်လှက ပြောကြားသည်။
ထို့အပြင်မာန်အောင်မြို့ခံကိုသန်းခိုင်အောင်ကမာန်အောင်မြို့ပေါ်တွင်ရခိုင်ရိုးရာ သင်္ကြန်ကျင်ပသွားမည်မဟုတ်သော်လည်းကျေးရွာ အချို့များတွင် ကျင်းပကောင်းကျင်းပနိုင်ခြေရှိသည်ဟု ပြောဆိုသည်။ ရေလောင်းမဏ္ဍပ်ကြီးများ ဆောက်လုပ်ပျော်ပါးခြင်း၊ စင်မြင့်စတိတ်ရှိုးများပြုလုပ်သီဆိုကခုန်ခြင်း၊ ကားများပေါ်၌ အသံချဲ့စက်ဆောင်း ဘောက်ကြီးများ တပ်ဆင်၍လှည့်ပတ်ခြင်း၊ မူးယစ်သောက်စားပျော်ရွှင်နေပုံများကို လူမှုကွန်ရက်အွန်လိုင်းပေါ်တင်ခြင်းနများကို ရှောင်ရှားသင့်ကြောင်း စစ်တွေမြို့နယ်ကိုယ်စားပြုကော်မတီ ဧပြီလ ၃ ရက်နေ့က မေတ္တာရပ်ခံထုတ်ပြန်ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/264130018726843