By Western News/ 2021 April 1
ရခိုင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှမတ်လအထိ မီးလောင်မှု ၃၁ ကြိမ်အထိဖြစ်ပွားခဲ့သဖြင့် လူနေအိမ်ပေါင်း ၇၈၆ အိမ်ဆုံးရှုံးခဲ့ရသည်ဟု ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဒုမီးသတ်ဦးစီးမှူးဦးဘုန်းမြင့်အေး က Western News ကိုပြောကြားသည်။
ဇန်နဝါလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ ပေါ့ဆမီး၅ ကြိမ်၊ မီးဖိုမီး ၁၃ ကြိမ်၊ အလိုအလျောက်မီး ၁ ကြိမ်၊ လျှပ်စစ်မီး ၃ ကြိမ်၊ ရှို့မီး ၇ ကြိမ်၊ တောမီး ၂ ကြိမ်ခန့် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုဖြစ်စဉ်အတွင်း ဆုံးရှုံးမှု ကာလတန်းဖိုး ၆၇၃၇၂၀၀၀ ကျပ်ခန့် ရှိခဲ့သည်ဟု ဦးဘုန်မြင့်ကျော်က ပြောကြားသည်။
မတ်လ ၁၇ ရက်နေ့က မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွားရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းမီးလောင်မှုတွင် အိမ် ၆၉၉ လုံးခန့် လောင်ကျွမ်းခဲ့ပြီ ယင်းမီးလောင်မှုမှာ၂၀၂၁ ခုနှစ်အတွင်း ဆုံးရှုံးမှု တန်းဖိုးအများဆုံးဖြစ်သည့် မီးလောင်ကျွမ်းမှုဖြစ်သည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် မီးသတိပေးအသိပညာများပြုလုပ်လျက်ရှိကြောင်း ဦးဘုန်းမြင့်ကျော်ကပြောသည်။
“ကျွန်တော်တို့ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးတာတွေ၊ နောက်တစ်ခုက စက်သုံးဆီဆိုင်တွေ၊ ဟိုတယ်၊ မိုတယ်၊တည်ခိုခန်းတွေ၊ နောက်ပြီးမီးအန္တရာယ် ဖြစ်ပေါ်စေတဲ့ စားသောက်ဆိုင်တွေ၊ မုန့်ဖိုတွေကို မီးသတိပေးတွေလုပ်ဆောင်တာတွေရှိတယ်ဟု” ဦးဘုန်းမြင့်အေးက ပြောကြားသည်။
https://www.facebook.com/102405104899336/posts/262233542249824/