By Development Media Group (DMG) / 2021 April 1
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ မူဆလင်ဒုက္ခသည်စခန်းမှ လူဦးရေ ၄၈,၀၀၀ ကို ထောင်ပေါင်းများစွာသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးအထောက်အပံ့များ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပံ့ပိုးကူညီနေသည်။
မတ်လ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ ပြောရေးဆိုခွင့်ရှိသူမှ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မူဆလင်ဒုက္ခသည်များမှာ မီးလောင်ကျွမ်းမှုကြောင့် ခိုလှုံနေထိုင်ရာနေရာများနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးသွားပြီး သေဆုံးသူ ၇ ဦးအထိ ရှိခဲ့သည်ဟု ဘီဘီသတင်းဌာနက ဖော်ပြခဲ့သည်။
ကော့ဘဇားဒုက္ခသည်စခန်းမှာ မူဆလင်ဒုက္ခသည် ၆၀၀, ၀၀၀ ခိုလှုံနေကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသာမက ကမ္ဘာပေါ်တွင် အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုလည်းဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် ဒုက္ခသည်များ၏ ဘေးကင်းရေးနှင့် လုံခြုံရေးကို စောင့်ကြည့် လေ့လာနေပြီး မီးလောင်မှုအတွင်း ၎င်းတို့၏ မိသားစုများနှင့် ကွဲကွာခဲ့ရသော ကလေးသူငယ်များအတွက် အရေးတကြီး လိုအပ်သည်များကို ဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိက္ခာဂိုထောင်အချို့လည်း မီးလောင်သည့် အထဲတွင် ပါသွားပြီး လက်ရှိ၌ ဒုက္ခသည်အများအပြားသည် စခန်းအနီးတစ်ဝိုက်၊ မိသားစု သို့မဟုတ် အသိမိတ်ဆွေများ၏ နေရာများနှင့် သင်ကြားရေးစင်တာများတွင် ခိုလှုံနေကြရအောင် WFP က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူ မူဆလင်ဒုက္ခသည်စုစုပေါင်း ၇ သိန်းခွဲနီးပါးရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
https://www.facebook.com/466648543487562/posts/1979811375504597/