By Western News/ 2021 April 27
မြန်မာအိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင်ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေသော်လည်း နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးအား ရပ်တန့်ရန် အစီစဉ်မရှိသေး ဘဲ ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်စခန်းနှစ်ခုက ကုန်သွယ်နေကြောင်း ပြည်နယ်ကောင်စီမှ ပြောသည်။
ဧပြီ ၁၂ ရက်နေ့တွင်စတင် ပြန်လည်ဖွင့်လှစ်ခဲ့သော မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ နိုင်ငံ၏ နိုင်ငံခြားဝင်ငွေရရှိမှု အသားစီး ရရှိသော နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သောကြောင့် ကိုဗစ်စည်းမျဉ်းစည်းကမ်းနှင့်အညီကုန်သွယ်ခွင့်ပြုထားသည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူဦးလှသိန်းကပြောသည်။
“ဘင်္ဂလားတွင်ဖြစ်နေတယ်ဆိုရုံဖြင့်ကျွန်တော်တို့ဘက်ကပိတ်သွားမယ့်အကြောင်းမရှိဘူး။ ကိုဗစ်ဖြစ်နေတဲ့လူတွေကူးလူး ဆက်ဆံမှုရှိတယ်ဆိုရင်တော့ပိတ်သွားမှာပါ။ ကိုယ်တို့တိုင်းပြည်အနေထားကလည်း နယ်စပ်ကုန်သွယ်ရေးကတော်တော်ကို အရေးကြီးပါတယ်။ လုပ်တဲ့အခါမှာကိုဗစ်စည်းမျဉ်းစည်းကမ်းနှင့် လုပ်ပါလို့ခွင့်ပြုခဲ့တယ်”ဟု”ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ဧပြီ ၁၂ ရက်နေ့မှ၂၄ ရက်အထိပို့ ကုန်တန်းဖိုးဒေါ်လာ နှစ်သိန်းဖို့ခန့် တင်ပို့နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်တန်းဖိုးဒေါ်လာ ခုနှစ်ထောင်ခန့်သာရှိပြီး ကုန်သွယ်မှုအသားစီရလျှက်ရှိသည်ဟု ဦးလှသိန်းကပြောသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်သောနေရာ နှစ်ခုရှိနေပြီး မောင်တောင်မြို့နယ်၊ ကညှင်းချောင်းစီးပွားရေးဇုံနှင့် စစ်တွေမြို့နယ် ရွှေမင်းဂံကုန်သွယ်ရေးဆိမ်းကမ်း တို့မှကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သည်။ အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းများအား ကိုဗစ်ဖြစ်ပွားမှုများကြောင့် ၂၀၂၀ ခုနှစ် ဩဂုတ်လစတင်ကာ၂၀၂၁ ခုနှစ် ဧပြီလ အထိ ၈ လကျော်ပိတ်ထားခဲ့သည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် ရခိုင်ပြည်နယ်၏ အရေးပါသည့်နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ပြီး မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဝင်ငွေမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အထိရှိကြောင်းလည်းသိရသည်။
ပြီးခဲ့သည်နှစ်များက အဆိုပါမောင်တောကုန်သွယ်ရေးစခန်းမှ ရခိုင်ပြည်နယ်မှထွက်ရှိသည့် ကြက်သွန်အပါအဝင်မီးဖိုချောင်သုံး ကုန်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းအထိပို့ဆောင်ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/279092883897223