ပုဒ် ၂ ခုဖြင့်တရားစွဲခံထားရသည့် ရခိုင်ကျောင်းသား ၄ ဦး၏အမှုတွင် လိုပြသက်သေတစ်ဦးကို စတင်စစ်ဆေး

By Western News/ 2021 April 2

ရခိုင်ပြည်နယ်အတွင်းက တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည် ကျောင်းသားများကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့် အမှုတွင် တရားလိုပြသက်သေတစ်ဦးကို စတင်စစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် အဆိုပါကျောင်းသားများကို စစ်တွေမြို့နယ်မှ ရဲမှူးဇော်နိုင်က နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာဆိုင်မံခန့်ခွဲမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှလည်းသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၉ ဖြင့် ထပ်မံတရားစွဲဆိုခြင်းခဲ့ဖြစ်သည်။

ယနေ့ ဧပြီလ ၂ ရက်နေ့ရုံးချိန်တွင်တရားလိုပြသက်သေတစ်ဦးဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆိုင်မံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှကို စစ်ဆေးခဲ့ပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့်စွဲဆိုထားသည့် တရားလိုပြသက်သေ စစ်တွေမြို့နယ်မှ ရဲမှူးဇော်နိုင်က ရောက်ရှိမလာ၍ စစ်ဆေးခဲ့ခြင်းမရှိခဲ့ကြောင်းသိရသည်။

ယနေ့ရုံးချိန်တွင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆိုင်မံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေက စစ်ဆေးခံရန်ရောက်ရှိလာခြင်းဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

” ဒီနေ့ရုံးချိန်းကို ဘေးစီမံနဲ့လိုပြသက်သေလုပ်ကာတရားစွဲဆိုထားသူ ဦးအောင်ဇံ‌ဝေရောက်ရှိခဲ့တယ်။ သူ့ကိုတရားရုံးကစစ်ဆေးခဲ့တယ်။ ၅၀၅ နဲ့တရားစွဲထားတဲ့လိုပြသက်သေတော့ မရောက်လာဘူး။ နောက်ရုံးချိန်းကို ဧပြီလ ၉ ရက်နေ့ကိုထပ်မံချိန်းဆိုလိုက်တယ်”ဟု ပြောသည်။

အဆိုပါပုဒ်မ ၂ ခုဖြင့်တရားစွဲဆိုခံထားရသူများမှာ စစ်တွေကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေး ကိုကျော်နိုင်ဌေး၊ သတင်းနှင့် ပြန်ကြားရေးတွဲဖက်တာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။ အဆိုပါကျောင်းသား ၄ ဦးကို စစ်တွေ အကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။

“သူအနေနဲ့ တိုင်ချက်ဖွင့်ထားတာမှာအမှုအကြောင်းအရာနဲ့ပတ်သက်လို့ ဘာမှမသိဘူးလို့ထွက်ဆိုတယ်။ အဲ့ဒီ ၁၉ ရက်နေ့ က ကျောင်းသာတွေဆန္ဒပြတဲ့အချိန်မှာ သူတွေ့မြင်ခဲ့တာမှမဟုတ်တာ။ သူကတစ်ဆင့်တိုင်းကြားတာပဲလို့ ထွက်ဆိုပါတယ်။ သူမှုနဲ့ ပတ်သက်လို့သိတာမဟုတ်ဘူး။ တစ်ဆင့်ကြားသိတာဖြစ်တယ်”ဟုပြောသည်။

အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်၌ ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖေါ်မှုတွင် ကိုလိုနီအစိုးရအလိုမရှိ၊ နယ်ချဲ့စစ်တပ်အလိုမရှိ၊ No Bloody Government ၊ No Murder Army ၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out ၊ Burmese Army Get Out စသည့်ပိုစတာများကိုင်ဆောင် ကာကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

https://www.facebook.com/102405104899336/posts/262843032188875/

Leave a Reply

Your email address will not be published.