နှစ်ပေါင်း ၁၆၀ သက်တမ်းရှိ စစ်တွေမြို့မှ အကြီးဆုံး မွတ်ဆလင်ဝတ်ပြုဗလီ ပျက်စီးသွားမည်အရေးနှင့် ကြုံနေရ

By Western News/ 2021 April 24

နှစ်ပေါင်း ၁၆၀ သက်တမ်းရှိပြီဖြစ်သော စစ်တွေမြို့လမ်းမကြီးရှိ ယဉ်ကျေးမှုပြတိုက်နှင့် ဘေးချင်းကပ်လျှက်ရှိသော မွတ်ဆလင်ဝတ်ပြု ဗလီတစ်ခုမှာ ညောင်ပင်များ၏ ဝါးမြိုမှုကြောင့် ပျက်စီးသွားမည်အရေးနှင့် ကြုံနေရသည်။

အဆိုပါ မွတ်ဆလင်ဝတ်ပြု ဗလီမှာ၂၀၁၂ ခုနှစ် ရခိုင် မွတ်ဆလင် အရေးခင်းမှစ၍ ဝတ်ပြုခွင့် ပိတ်ပင်ထားသည့် ဗလီတစ်ခုဖြစ်သည်။ အဆိုပါဗလီပျက်စီးမှုနှင့် ပက်သတ်၍ မွတ်ဆလင် အသိုင်းအဝန်းအားဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာဖြေကြားခြင်း မရှိခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ဝံလက်ဖောင်းဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာဦးခိုင်ကောင်းစံက နှစ်ရာကျော်ရှိပြီးဖြစ်သော အဆိုပါ အဆောက်အဦးကို ထိန်းသိမ်းထားသင့်သည်ဟု အကြုံပြုထားသည်။

“အမှန်ဆိုရင် အဲဒီအဆောက်အဦးဟာထိန်းသိမ်ထားဖို့ကောင်းတဲ့ အရာတစ်ခုလို့ကျွန်တော်မြင်တယ်။ နှစ်ပေါင်းရာနဲ့ချီကြာလာတဲ့ အဆောက်အဦးတခုဖြစ်ပြီး စစ်တွေမြို့ကအထင်ကရနေရာတစ်ခု ဖြစ်တာကြောင်းထိန်းသိမ်းထားသင့်တယ်”ဟုပြောသည်။

မွတ်ဆလင် ဘာသာဝင်များအနေဖြင့်လည်း အခုလိုပျက်စီးမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ရခိုင်ပြည်နယ် စီးမံအုပ်ချုပ်ရေး ကောင်စီသို့ အဆင့်ဆင့်သို့ တင်ပြကာ ဝတ်ပြုဗလီမပျက်စီးရေးအတွက် ထိန်းသိမ်းမှုများ ပြုလုပ်ထားသင့်ကြောင်း ဦးခိုင်ကောင်းစံက အကြံပြုတိုက်တွန်းသည်။

လက်ရှိအချိန်တွင်မွတ်ဆလင်များအနေဖြင့်လည်း အဆိုပါဗလီတွင်ဝတ်မပြုကြရသော်လည်း ပျက်စီးမှုတစ်စုံတစ်ရာမဖြစ်ရအောင် တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သန့်ရှင်းရေးလုပ်ကာ မိမိတို့၏ ဘာသာရေးအဆောက်အဦးကို ထိန်းသိမ်းသင့်ကြောင့် စစ်တွေမြို့ခံတစ်ချို့ကအကြံပြုသည်။

https://www.facebook.com/westernnewsagency/posts/277166400756538

Leave a Reply

Your email address will not be published.