တရားသူကြီး ကျန်းမာရေး အခြေအနေကြောင့် ရခိုင်မှ ကျောင်းသား ၄ ဦးအမှု ထပ်မံရွှေ့ဆိုင်း

By Western News/ 2021 April 24

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လူအခွင့်ရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည် ကျောင်းသားများ၏ အမှုတွင် လိုပြသက်သေရောက်ရှိလာသော်လည်း တရားသူကြီး ကျန်းမာရေးမကောင်းသောကြောင်းစစ်ဆေးနိုင်ခြင်းမရှိဟု ကျောင်းသားများ၏ အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက ပြောသည်။

တရားလိုပြသက်သေတစ်ဦး ဖြစ်သော ရဲမှူးဇော်နိုင်အား ဧပြီ ၂၃ ရက်နေ့တွင် စစ်ဆေးရမည်ဖြစ်သော်လည်း တရားသူကြီးမှာ ကျန်းမာရေးမကောင်းဟုဆိုကာ စစ်ဆေးနိုင်ခြင်းမရှိဘဲ နောက်အပတ်ရုံး ဧပြီလ ၂၈ ရက်နေ့ထပ်မံချိန်းဆိုလိုက်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ဒီနေ့တော့ ၅၀၅ ရော၊ ငြိမ်းစုစီမှာရော မြို့နယ်ရဲ့တပ်ဖွဲ့မှူး သက်သေထွက်ဆိုဖို့ရောက်တယ်။ မြို့နယ်ရဲ တပ်ဖွဲ့မှူးသက်သေထွက်ဆိုဖို့ ရောက်ပေမယ့် တရားသူကြီးနေမကောင်းတဲ့အတွက်ကြောင့် မြို့နယ်ရဲတပ်မှူးကို အကျိုးကြောင်းပြောပြီး ပြန်လွတ်လိုက်ရတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးကတော့ ၂၈ ရက်နေ့မှာ ကျွန်တော်ဖြစ်အောင်အစစ်ခံပါမယ်” ဟုပြောဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

ဖမ်းဆီးခံ ကျောင်းသားများမှာ ပြည်သူတို့၏ ခံစားချက်ကို ဆန္ဒပြထုတ်ဖော်ခြင်းသာဖြစ်ပြီး အခုလို ပုဒ်မ ၃ ခုနှင့်တရားစွဲဆိုခြင်းမှာ ထိုက်တန်မှုမရှိဟု စစ်တွေကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုတိုးတိုးအောင်က ပြောသည်။

“ကျွန်တော်တို့က ပြည်သူတွေခံစားရတာကိုတဆင့် ထုတ်ဖော်ပြောပြတာဖြစ်တယ်။ အစိုးရက ပြည်သူတွေရဲ့အသံကို နားထောင်ရမှာ ဖြစ်တယ်။ အဲဒါကိုနားမထောင်သည့်အပြင် အခုလိုပုဒ်မ ၃ ခုနှင့် တရားစွဲလိုက်တာက လုံးဝထိုက်တန်မှုမရှိဟု ပြောသည်။

ယင်းကဲ့သို့ အမှုစစ်ဆေးဖို့ကြန့်ကြာ နေမှုကြောင့် အမှုသည်များအတွက်နစ်နာမှုရှိသလို အမြန်းဆုံးစစ်ဆေးပြီး အပြစ်မရှိလျှင် ချက်ချင်းလွှတ်ပေးကိုလည်း ကျောင်းသားမိဘ များကတောင်းဆိုကြသည်။ ကျောင်းသားတွေဖြစ်နေတာကြောင်း အမှုတွေကို ပြန်လည်ရုတ်သိမ်းပြီး သူတို့၏ပြန်လည်ကျောင်းတက်ခွင့်ရသင့်ကြောင်း ဖမ်းဆီးခံကျောင်းသား ကိုဦးသန်းနိုင်၏ ဖခင် မောင်အေးထွန်းကပြောသည်။

“ကျောင်းသားမိဘ တစ်ယောက်အနေနဲ့ အမြန်ပြန်လွတ်စေချင်တယ်။ တရားဥပဒေအရ သူတို့ကိုအဆင်ပြေအောင်လုပ်ပေးစေချင် တယ်။ နိုင်ငံတော် အစိုးရအနေဖြင့် ကျောင်းသားတွေဖြစ်တာကြောင်း ကျောင်းသားတွေကျောင်းပြန်တက်ခွင့်ရအောင် လုပ်ပေးစေချင်ကြောင်း”ပြောသည်။

ယင်းဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် အဆိုပါကြောင်းသားများကို စစ်တွေမြို့နယ်မှ ရဲမှူးဇော်နိုင်က နိုင်ငံတော်ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၉ ဖြင့် ထပ်မံ တရားစွဲဆိုခြင်းဖြစ်သည်။

အဆိုပါ ပုဒ်မ ၂ မ နှစ်ခုဖြင့် တရားစွဲဆိုခံထားရသောသူမျာမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။ အဆိုပါ ကျောင်းသား၄ ဦးအားလက်ရှိတွင် စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်၌ ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင် ကိုလိုနီအစိုးရအလိုမရှိ၊ နယ်ချဲ့စစ်တပ်အလိုမရှိ၊ No Bloody Government ၊ No Murder Army ၊ ဖက်ဆစ်စစ်တပ်အလိုမရှိ Burmese Governmemt Get Out ၊ Burmese Army Get Out စသည့်များကိုင်ဆောင်ကာ ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

https://www.facebook.com/westernnewsagency/posts/277120840761094

Leave a Reply

Your email address will not be published.