တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ ၂၀၁၉-၂၀ ပညာသင်နှစ်က နောက်ဆုံးနှစ် သင်တန်းတွေနဲ့ မဟာဘွဲ့(ရေးဖြေ)သင်တန်းတွေကို မေလ ၅ ရက်နေ့မှာ ပြန်ပြီးဖွင့်လှစ်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

By Developement Media Group (DMG)/ 2021 April 23

အခုလို တက္ကသိုလ်တွေပြန်လည်ဖွင့်လှစ်ဖို့အတွက် ဧပြီလ ၁၇ ရက်နေ့က ညွှန်ကြားစာရရှိထားတဲ့အတွက် စစ်တွေတက္ကသိုလ်ကို ပြန်ဖွင့်ဖို့စီစဉ်နေတယ်လို့ စစ်တွေတက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဦးကျော်နိုင်ဦးက ပြောပါတယ်။

အခုလို တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်မယ်ဆိုတဲ့အပေါ် တက်ရောက်မယ့်ကျောင်းသားတွေ ရှိသလို၊ မတက်ရောက်မယ့် ကျောင်းသားတွေလည်းရှိနေတာကြောင့် တက်၊ မတက်ကိုဆွေးနွေးနေတယ်လို့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂရဲ့ နိုင်ငံရေးကော်မတီတာဝန်ခံ ကိုတိုးတိုးအောင်က ဆိုပါတယ်။

https://www.facebook.com/dmgnewsagency/posts/1996891397129928

Leave a Reply

Your email address will not be published.