By Western News/ 2021 April 9
ရခိုင်ပြည်နယ် စစ်တွေမြို့ ရိုးမဘဏ်စစ်တွေဘဏ်ခွဲ အတွင်းယနေ့ ဧပြီ ၉ ရက် နေ့လည်းပိုင်း ၁ နာရီအချိန့်ခန့်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘဏ်၏ အနီးပတ်ဝန်းကျင်နေထိုင်သူများက Western News သို့ပြောသည်။
အဆိုပါပစ်ခတ်မှုမှာရိုးမဘဏ်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့် အကြောင်းအကြောင့်ပစ်ခတ်မှုဖြစ်ပွားသည်ဆိုသည်ကို မသိရသေး ကြောင်းနှင့် ဒဏ်ရာရလူနာကိုသယ်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးကပြောသည်။
လက်ရှိ ရိုးမဘဏ်အနီးတစ်ဝိုက်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များက လုံခြုံရေးယူထားပြီး ဘဏ်အဝင်အထွက်များကိုလည်း ပိတ်ထားသည်ကိုတွေ့ရှိရသည်။
အမည်မဖော်လိုသူ လုံခြုံရေးအရာရှိတစ်ဦး၏ ပြောဆိုချက်အရ တပ်မတော်သားတစ်ဦးက မိမိကိုယ်ကိုယ်ပစ်ခတ်ပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု ပြောဆိုသော်လည်း Western News သတင်းဌာနက ထိုပြောဆိုချက်အား သီးခြားအတည်မပြုနိုင်သေးပါ။
ယခုဖြစ်စဥ်နှင့်ပတ်သက်၍ အတည်ပြုချက် ရယူနိုင်ရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်အား Western News မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
https://www.facebook.com/westernnewsagency/posts/267297251743453