By Development Media Group (DMG) / 2021 April 2
ယနေ့ ဧပြီလ ၂ ရက်နေ့ စစ်တွေမြို့ ဧရာဝတီ ATM စက်တွင် ငွေထုတ်သူများပြားနေပြီး ငွေထုတ်သူများမှာ တန်းစီစောင့်ဆိုင်နေကြရသည်။ ဧရာဝတီ ATM စက်မှာ ဘဏ်ရှေ့တွင်တစ်ခုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရှေ့တွင်တစ်ခုရှိပြီး ဘဏ်ရှေ့မှ စက်မှာ ပျက်သွားသည့်အတွက် ထွေအုပ်ရှေ့ရှိ ATM စက်တစ်ခုတည်းတွင်သာ ငွေထုတ်ယူနေရ၍ ယခုကဲ့သို့ စောင့်ဆိုင်နေရခြင်းဖြစ်ကြောင်း တန်းစီစောင့်ဆိုင်နေသူများက ပြောသည်။ ယင်းအပြင် ဘဏ်တွင် ငွေထုတ်ယူမှု လူများနေပြီး အချိန်အကြာကြီးစောင့်ဆိုင်နေရ၍ သွားလာရေးကြန့်ကြာသည့်အတွက် ATM စက်၌ ငွေထုတ်ရန်လာခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှ ဒေါ်ခင်ဆွေဦးက ပြောသည်။ ယင်းသို့ စောင့်ဆိုင်နေသူများတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ ကျောက်တော် စသည့် မြို့များက ဒေသခံများလည်း ပါဝင်သည်။
https://www.facebook.com/466648543487562/posts/1980732582079143/