စစ်တွေမြို့ ဘဏ်များရှေ့တွင် သဲအိတ်ဘန်ကာများပြုလုပ်သော်လည်း ပုံမှန်အနေအထားဟုဆို

By Narinjara/ 2021 April 22

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘဏ်အချို့၏ ရှေ့များတွင် သဲအိတ်ဘန်ကာများ ပြုလုပ်ထားသော်လည်း စစ်တွေမြို့၏ အခြေအနေမှာ ပုံမှန်အနေအထား ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲဝန်ထမ်းတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“အဲဒီဥစ္စာက လုံခြုံရေးအရ ချထားတာပဲ ဖြစ်ပါတယ်။ ဘာမှတော့ အကြောင်းထူးထူးခြားခြား မရှိပါဘူး။ ပုံမှန်ပါပဲ၊ လုံခြုံရေးအရတော့။ ဘဏ်တွေမှာ လုံခြုံရေးချထားတာကတော့ ပုံမှန်ပါပဲ” ဟု ပြောသည်။

“ကျွန်တော်တောင် မနက်က လမ်းသွားရင်း အဲဒါတွေကိုတွေ့လို့ တွေးပြီး လာလိုက်သေးတယ်။ ဒါက ပုံမှန်မဟုတ်ဘူး။ ဒါကို ပြည်သူတွေက ကြောက်တဲ့အဆင့်မဟုတ်ရင်တောင် သံသယဖြစ်တယ်ပေါ့။ အခြေနေတွေ အပြောင်းလဲတွေဖြစ်လာနိုင်ခြေရှိလား။ ဘာပုံစံမျိုးလဲဆိုတာကို သံသယတော့ ရှိကြတယ်။ ပုံမှန်အနေထားဆိုရင် မလိုအပ်ရင် မလုပ်တာ အကောင်းဆုံး ပဲလေ။ ပုံမှန် အနေအထား ဆိုရင် ဘာအိတ်မှ မကာနဲ့ပေါ့။ စစ်နယ်မြေလည်း မဟုတ်ဘူး။ အဓိကရုဏ်းဖြစ်နေတဲ့ နယ်မြေလည်း မဟုတ်ဘူး။ အရေးပေါ် ကြေငြာထားတဲ့ နေရာလည်း မဟုတ်ဘူး။ ငွေကြေးဝန်ဆောင်မှုပေးတဲ့နေရာမှာ လုံခြုံရေးလာချပြတာကတော့ စိုးရိမ်စရာဖြစ်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ မွန်းတည့်ပိုင်းက စစ်တွေမြို့ရှိ ရိုးမဘဏ်ရှေ့တွင် သေနတ် ပစ်သံတစ်ချက်ကြားခဲ့ရပြီး လုံခြုံရေးယူနေသည့် တပ်မတော်သား တစ်ဦး သေဆုံးခဲ့သည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် ခဲ့သော်လည်း အာဏာပိုင်များဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပါ။

https://www.facebook.com/narinjara.info/posts/4248514005160644

Leave a Reply

Your email address will not be published.