စစ်တွေမြို့ပေါ်မှာ BXT ကုမ္ပဏီက တာဝန်ယူတည်ဆောက်ထားတဲ့ မြို့ပြမြေယာဖော်ထုတ်ရေးစီမံကိန်းနေရာဟာ ယခင်က လက်ခတ်လှေတွေ၊ ငါးဖမ်းလှေတွေနဲ့ ကုန်တင်ကုန်ချလုပ်သားတွေ ကမ်းကပ်မှီခိုရာ နေရာတစ်ခုဖြစ်ခဲ့ ပါတယ်။

By Developement Media Group (DMG)/ 2021 April 29

မြို့ပြမြေယာစီမံကိန်း ဖော်ထုတ်ပြီးနောက်မှာတော့ စစ်တွေမြို့လည်ချောင်းဟာ လှေတွေရဲ့ မုန်းတိုင်းနဲ့ လှိုင်းဒဏ် လေဒဏ်ကိုရှောင်းရှားနိုင်ဖို့အတွက် တစ်ခုတည်းသောနေရာ ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာတော့ မြို့လည်ချောင်းကိုထိုးထားတဲ့ တံတားနဲ့ ကမ်းထိန်းနံရံတွေဟာ လှေတွေဝင်ရောက်ရပ်နားခိုဖို့ အတွက် အခက်အခဲဖြစ်စေတယ်လို့ စစ်တွေဈေးကြီးဆိပ်ကမ်းမှာ လုပ်ကိုင်နေတဲ့ လှေလုပ်သားတွေက ပြောပါတယ်။

လာမယ့်မိုးရာသီမှာ မုန်တိုင်းနဲ့ လှိုင်းလေကြီးလာတဲ့အခါ မြို့လည်ချောင်းကို လှေတွေဝင်ရောက်နားခိုနိုင်မယ့် အခြေအနေမရှိတာကြောင့် လှေသမားတွေအနေနဲ့ မိုးရာသီအတွက်စိုးရိမ်နေကြတာဖြစ်ပါတယ်။

https://www.facebook.com/dmgnewsagency/posts/2001311346687933

Leave a Reply

Your email address will not be published.