စစ်ကောင်စီ၏ အောင်ဘာလေထီလက်မှတ် အမြင့်ဆုံးဆု သိန်း ၁၅၀၀၀ အစား သိန်း ၅၀၀၀ သာပေးနိုင်တော့မည်ဟု ထုတ်ပြန်ကြေညာ

By Western News/ 2021 April 30

မေလ ၁ ရက်တွင်ကျင်းပမည့် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်း ၁၅၀၀၀ ဆုမပါဝင်ကြောင်းနှင့် ကျပ်သိန်း ၅၀၀၀ ဆုသာ ပေးနိုင်တော့မည်ဟု စစ်ကောင်စီက ဧပြီလ ၃၀ ရက်နေ့ ယနေ့ထုတ်ပြန်ကြေညာသည်။

ခွဲဝေချီးမြှင့်မည့် ထီဆုငွေများမှာ အထူးဆုကြီးအဖြစ် ကျပ်သိန်း ၅၀၀၀ ဆု တစ်ဆုနှင့် ကျပ်သိန်း ၁၀၀၀ တစ်ဆုတို့အပြင် အခြားဆုပေါင်းများစွာကိုချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတစ်ခုဖြစ်သည့် မြန်မာ့အလင်းတွင်ဖော်ပြသည်။

ယင်းအပြင် သတ်မှတ်ကာလအတွင်းလာရောက်ထုတ်ယူနိုင်ခြင်းမရှိသောဆုမဲများထဲမှ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုလည်း ထပ်မံချီးမြှင့်သွားမည်ဟုဖော်ပြပါရှိသည်။

မေလ ၁ ရက်နေကျင်းပမည့် ၂၆ ကြိမ်မြောင် ၁၀၀၀ ကျပ်တန်အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၂၀၅၃၄၈ အုပ်ထိရောင်းချနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

https://www.facebook.com/westernnewsagency/posts/280799180393260

Leave a Reply

Your email address will not be published.