ကိုယ့် ရပ်တည်ချက်နှင့် ကိုယ် NUG တွင်မပါဝင်ဟု AA ပြော

By Western News/ 2021 April 16

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) တွင်ပါဝင်ရန် ရက္ခိုင့်တပ်တော် AA ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ကမ်းလှမ်းခဲ့သော်လည်းကိုယ့်ရပ်တည်ချက်နှင့်ကိုယ် မပါဝင်လိုက်ခြင်းဟု ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူ၏ တွစ်တာအကောင့်တွင် ဧပြီ ၁၆ ရက်နေ့ ယနေ့ည ၈ နာရီခွဲလောက်တွင်ရေးသားထားသည်။

“ငါတို့ကို ဂရုတစိုက်နဲ့ ခေါ်ခဲ့ပါတယ်။ ကိုယ်ရပ်တည်ချက်ကိုယ်မပါဝင်ခဲ့တာဟု” ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့၏ တွစ်တာအကောင့်တွင် ရှင်းပြထားသည်။ ယင်းအပြင် သူ့၏ တွယ်တာအကောင့်တွင် CRPH ကိုလည်းအပြစ်ပြောစရာမလိုကြောင်းကိုလည်း ရေးသားထားသည်။

ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် ပြည်ထောင်လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) က အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) ဖွဲ့စည်းလိုက်ကြောင်းသတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်က အပြစ်မဲ့အရပ်သားများအားသတ်ဖြတ်နေခြင်းအပေါ်ကန့်ကွက်ကြောင်းကိုလည်းပြီးခဲ့သည့် ရက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင်အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ ANP က ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကလည်း အာဏာသိမ်းစစ်ကောင်စီက ကမ်းလှမ်းထားသောရာထူးကိုလက်ခံခဲ့ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း တစ်ဦးဖြစ်သော ဦးဇော်အေးမောင်လည်း စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေသည်။

https://www.facebook.com/westernnewsagency/posts/272267117913133

Leave a Reply

Your email address will not be published.