ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ဖမ်းဝရမ်းထုတ်ခံရ

By Narinjara/ 2021 March 12

ဇော်ဝင်းဌေး( ငခူချောင်း)

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်အား CDM လှုပ်ရှားဆန္ဒပြမှု၌ ပါဝင်သောကြောင့် ယခု ၁၀ ရက်နေ့က နစကကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်ဟု ပါတီ၏ ဗဟိုကော်မတီဝင် ဦးမြင့်ဆွေက ပြောသည်။

“ ဟုတ်ပါတယ်။ ဖမ်းဝရမ်းထုတ်ထားပါတယ်။ သတင်းမှာ အတိကျပါလာပါတယ်။ ခုဆန္ဒပြမှုက ပါတီအနေနဲ့ ပြတာတော့ မဟုတ်ပါဘူး။ သူ့ဟာသူ General Strike Committee ( စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ)မှာ ပါဝင်မယ်လို့တော့ ပါတီကိုပြောသွားတာ ရှိတယ်။ ပါတီမှုဝါဒ၊ ပါတီစည်းကမ်းချက်နဲ့ သွားတာတော့ မဟုတ်ပါဘူး။ ဖမ်းဝရမ်းထုတ်မှုနဲ့ ပြောချင် တာကတော့ ဆန္ဒပြတာက ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပြတာမဟုတ်ပါဘူး။ ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီးတော့ စိတ်မကောင်းပါဘူး”ဟု ပြောသည်။

ဦးမျိုးကျော်အား ဖမ်းဝရမ်းထုတ်ကြောင်း မတ်လ ၁၀ ရက်နေ့ ည ၈ နာရီတွင် ကြေညာပြီးနောက် ဦးမျိုးကျော်နှင့် အဆက်အသွယ်မရတော့ကြောင်း ပြောသည်။

“ဖမ်းဝရမ်းထုတ်ထားတာတော့ သိရတယ်။ ဖမ်းမိ/ မဖမ်းမိတော့ ကျွန်တော်တို့ကတော့ မသိပါဘူး။ မဖြစ်ခင်ကာလအထိတော့ အဆက်သွယ်ရပေမယ့် လက်ရှိမှာတော့ အဆက်အသွယ်မရတော့ဘူး။ လက်ရှိမှာက ပါတီအနေနဲ့ အစည်းအဝေးတွေလည်း မလုပ်သေးဘူး” ဟုပြောသည်။

မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်မြောင်းတွင် CDM ဆန္ဒပြမှု၌ ပါဝင်သောကြောင့် ၄င်းအား စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။ဦးမျိုးကျော်သည် ကျောက်ဖြူဇာတိဖြစ်ပြီး ၁၉၈၈ ခုနှစ် ကတည်းက နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

https://www.facebook.com/151742128171206/posts/4123188307693215/

Leave a Reply

Your email address will not be published.