၂ နှစ်ကြာပိတ်ထားခဲ့သည့် မြောက်ဦးကမ္ဘောဇဘဏ်ခွဲ ပြန်ဖွင့်

By Western News/ 2021 March 18

၂ နှစ်ကြာပိတ်ထားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ KBZ ကို မတ်လ ၁၆ ရက်နေ့ကစတင်ဖွင့်လိုက်ပြီဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက Western News ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြောက်ဦးမြို့ပေါ်၌ ရန်ကုန်- စစ်တွေကားလမ်းတစ်လျှောက်ပစ်ခတ်မှုများဖြစ်ပေါ် ခဲ့ရာတွင် သမိုင်းဝင်စေတီပုထိုးနှင့် မြို့တွင်းနေအိမ်များအပါအဝင် အဆိုပါ KBZ ဘဏ်တွင် ကျည်ထိမှန်ပြီး ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြောက်ဦးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ KBZ အား ပြန်လည်ဖွင်ပေးခြင်းမရှိဘဲ ပိတ်ထားခဲ့သည်မှာ ၂နှစ်ပြည်ပြီးဖြစ်ပြီး ယခုမတ်လ ၁၆ ရက်နေ့တွင် ၎င်းဘဏ်အားပြန်ဖွင့်ခဲ့ကြောင်း ကမ္ဘောဇဘဏ်ခွဲ KBZ က တာဝန်ရှိသူတစ်ဦးက Western News ကိုပြောသည်။

“ဟုတ်ပါတယ်ဘဏ်ပြန်ဖွင့်ထားပါတယ်။ ဒီလ အင်္ဂါနေ့ကစလို့ဖွင့်တာပါ”ဟု ပြောသည်။

ကမ္ဘောဇဘဏ်ခွဲ KBZ ပိတ်ထားခဲ့သည့်အချိန်တို့တွင် မြောက်ဦးဒေသခံများမှာ ငွေလွှဲ၊ ငွေထုတ်ပြုလုပ်မည်ဆိုပါက မင်းပြားမြို့နှင့် ကျောက်တော်မြို့တို့မှ ဘဏ်များသို့သွားလာခဲ့ရသဖြင့် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခဲ့ရသည်ဟု ဒေသခံများကပြောသည်။

ယင်းအပြင် မြောက်ဦးမြို့တွင် ကမ္ဘောဇဘဏ်ခွဲ KBZ မြန်မာ့စီးပွားရေးဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ် ၃ ခုသာရှိသဖြင့် ကမ္ဘောဇဘဏ်ခွဲ (KBZ) ကို ပိတ်ထားခဲ့သည့်နောက်တွင် ကျန်ရှိသည့် ဘဏ် ၂ ခု၌ ငွေလွှဲ၊ငွေထုတ်သူများပြားသဖြင့် အချိန်ကြန့်ကြာမှုများရှိခဲ့သည်။

လက်ရှိတွင် ‌မြောက်ဦးကမ္ဘောဇဘဏ်ခွဲ (KBZ) ကို ပြန်လည်ဖွင့်ထားသည့်အတွက် ငွေလွှဲ၊ ငွေထုတ်ပြုလုပ်မည်ဆိုလျင် တစ်ခြား မြို့နယ်များသို့သွားရန်မလိုဘဲ မိမိတို့မြို့ပေါ်၌ငွေလွှဲ၊ ငွေထုတ်ပြုလုပ်၍အဆင်ပြေသွားသည့်ဟု ‌မြောက်ဦးမြို့ခံ ကိုကျော်စိုးနိုင်က ပြောသည်။

“ဘဏ်ပိတ်ထားတုန်းက ATM ကဒ်တွေက ငွေထုတ်ရမယ်ဆိုရင် တစ်ခြားမြို့နယ်တွေကိုသွားလို့ထုတ်ရတယ်။ လမ်းစရိတ်တွေ ကုန်တယ်။ ခရီးလည်းပင်ပန်းတယ်။အခုဆိုရင် ဘဏ်ကိုပြန်ဖွင့်လို့ တစ်ခြားမြို့နယ်ကိုသွားစရာမလိုတော့ဘူး။ ကိုယ့်မြို့ပေါ်မှာဘဲ ငွေထုတ်လို့ရတယ်”ဟု ပြောသည်။

https://www.facebook.com/westernnewsagency/posts/251908909948954

Leave a Reply

Your email address will not be published.